ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၅ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၏ စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ၏ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီ ဘုန်းကြီးကျောင်းအဆောက်အဦးပေါ်သို့ တိုက်လေယာဥ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကော်မတီအဖွဲ့၀င်များအားလုံးဟာစစ်ဘေးရှောင်များဖြစ်ကြပြီး မင်းတပ်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူကို ကူညီထောက်ပံ့နေသူများ ကူညီထောက်ပံနေသူများဖြစ်ကြောင်း သိရသည်။

လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကော်မတီအဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း အဖွဲ့ဝင်များအားလုံး ခေတ္တရှောင်တိမ်းနေရကြောင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။