ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၅ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ ဇာဒီကျေးရွာတွင်စစ်ကောင်စီ သတင်းပေးပျူစောထီးအဖွဲ့ဝင်တစ်ဦးကို သူရဲ့ ခြံထဲမှာပဲ ဇန်နဝါရီလ ၂၅ ရက် မနက် ၁၀ နာရီခန့်အချိန်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် ဦးအေးဟန် ဆိုသူဖြစ်ပြီးဇာ ဒီကျေးရွာက သူ့ရဲ့ ခြံထဲမှာပဲ ကျည်ဆံ ၄ ချက်နဲ့ ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
“သူ့ကို သေနတ် ကျည် လေးချက်နဲ့ ပစ်သတ်သွားတာပါ။ပထမတစ်ချက် ပစ်တော့ ပြေးတယ် ။နောက်ကထပ်ပြီးလိုက်ပစ်တယ် ထိတော့ မပြေးနိုင်တော့ဘူး။သူ့ကို ဖမ်းမိတော့ ပါးစပ် ပေါက်ထဲကို တစ်ချက်ပစ်ထည့်ခဲ့တယ်။သူဟာ စစ်ကောင်စီတပ် တွေကိုသတင်းပေးတာတွေလုပ်တယ်။ရွာမှာက သူက ပျူစောထီးခေါင်းဆောင်ပေါ့။သူ့မှာပျူစောထီး တပည့်တွေလည်းအများကြီးရှိတယ်။သူက မူးယစ်ဆေးဝါးတွေကိုလည်း စစ်တပ်နဲ့ပေါင်းပြီးရောင်းဝယ်ပြုလုပ်နေတာတွေရှိတယ်။သူ့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သတင်းပေးဆက်မလုပ်ဖို့အကြိမ်ကြိမ်သတိပေးထားတယ်။သူ့က လိုက်နာမှုမရှိပဲ ဆက်လက်လုပ်ကိုင်နေတာကြောင့် အခုလို ပစ်သတ် ခံရတာ”လို့ ဇာဒီကျေးရွာက ဒေသခံတစ်ဦးက
ဧရာဝတီတိုင်းမ် ကိုပြောပါတယ်ါ
သူ့ကို လာပစ်သတ်သွားတာကတော့ လက်နက်ကိုင်ထားတဲ့ လူ ၆ ယောက်က လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သူ့ကိုပစ်သတ်အပြီးမှာ ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူး ကို ရှာမတွေ့လို့ သူ့ရဲ့ နေအိမ်ကိုလည်း သေနတ် ကျည် သုံး ချက်ခန့် ပစ်ခတ်ခဲ့တယ်လို့ လည်း ဒေသခံများက ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ဇာဒီကျေးရွာသို့ ကံပေါက်ဖက်မှ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။