ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇန်နဝါရီလ ၂၄ ရက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်သတင်းပေးဆိုသူ စစ်တပ်ဝါဒဖြန့်မီဒီယာ MRTV 4 ဝန်ထမ်း ၁ ဦး ယနေ့ ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ပစ်သတ်ခံရသူမှာ ကလိန်အောင်မြို့ အမှတ် ၃ ရပ် ကွက်တွင်နေထိုင်သူ စစ်တပ်ဝါဒဖြန့် MRTV 4 မီဒီယာတွင်သတင်းရယူနေသည့် လင်းလင်းထွန်းဆိုသူဖြစ်ပြီး ၄င်းမှာ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၁၀ ခြေမြန်တပ်ရင်းသို့ ဒေသတွင်းPDFများ၏သတင်းများအား ပေးပို့နေသူဖြစ်သည်ဟုဆိုသည်။
“သူက ခမရ (၄၁၀)ခြေမြန်တပ်ရင်းကပါ။ကျနော် တို့တွေက သူ့ကိုစောင့်ကြည့်နေတာ။သူက ဆောက်လုပ်ရေး ရုံးနဘေးက ဘော်ခုံမှာ သတင်းယူရင်းအမြဲ တမ်းဘော်လာထိုးတယ်။အဲဒီဘော်ခုံမှာက ညနေဖက်ဆိုတော့လူစုံတယ်။လူစုံတော့ အဲဒီဘော်ခုံက ရတဲ့သတင်းတွေကို စစ်တပ်ကိုပို့တယ်။အဲ့ဒီအချိန် မှာကျနော်တို့ပူးပေါင်းအဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့တာ။အနီးကပ်တစ်ယောက်ချင်းယှဥ်ပြီးပစ်ခဲ့တာ။အချက်ရေအများကြီးပစ်ခဲ့ရတယ်” ဟု ပြန်ကြားရေး တာ ဝန်ခံ လင်းယုန်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်အား ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရပြီး သေဆုံးသွားခဲ့သည့် အဆိုပါ သတင်းထောက် ရုပ်အလောင်းကို လူနာတင်ယာဥ်ဖြင့် ကလိန်အောင် ဆေးရုံသို့ တင်ဆောင်သွားကြောင်း ဒေသခံမျညးထံကသိရသည်။
အဆိုပါတိုက်ခိုက်မှုအား Spring Dhamma PDF (KLA)ပြည်သူ့ကာကွယ်ရေးတပ်နှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DPPDF) တပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နေ့ည ကလည်း ကလိန်အောင်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPRING DHAMMA PDF KLA) တပ်ဖွဲ့သည် စစ်ကောင်စီလက်ပါးစေ ရဲတပ်ကြပ်ကြီး ရဲဝင်းထွန်း နေအိမ်အား ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးသည်။