ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနဲ့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် ဖြိုခွင်းမှုကြောင့် မြန်မာနိုင်ငံမှာ ကျူး လွန်ခဲ့တဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမဆန်သောရာဇဝတ်မှုတွေအတွက် မြန်မာဗိုလ်ချုပ် ကြီးတွေကို အပြစ်ပေးဖို့ကြိုးပမ်းတဲ့အနေနဲ့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့နဲ့ မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ် ၁၆ ဉီးက ဂျာမနီ နိုင်ငံမှာ တိုင်ချက်ဖွင့်လိုက်ပြီဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေဟာ အခုချိန်ထိ တာဝန်မခံသေးဘူးလို့ ဗန်ကောက်မြို့ မှာ ယနေ့ ကြေညာခဲ့တဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights က ပြောပါတယ်။

တိုင်ချက်ကို တရားရုံးသို့မတင်ပြမီ တရားစွဲဆိုလို့ ရ မရ ဂျာမနီနိုင်ငံရှိ ဖက်ဒရယ်ရှေ့နေရုံးက ဆုံးဖြတ်ရ မယ်လို့ သိရပါတယ်။ မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်တွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) နဲ့ လူမျိုးသုဉ်းသတ် ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) က စုံစမ်းစစ်ဆေးနေပါတယ်။

ဒါ့အပြင် တာဝန်ခံမှုရရှိရေး ကြိုးပမ်းနေတဲ့ တက်ကြွလှုပ်ရှားသူတွေက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင် ခွင့်အရ အာဂျင်တီးနား၊ တူရကီနဲ့ ယခုအခါ ဂျာမနီနိုင်ငံရှိ တရားရုံးတွေမှာပါ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဂျာမနီဉပဒေအရ စုံစမ်းစစ်ဆေးတာ၊ တရားစွဲဆိုတာကြောင့် ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို အပြစ်ပေး နိုင်ကာ အနာဂတ်မှာ ပြစ်မှုမကျူးလွန်နိုင်အောင် တားဆီးနိုင်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှု ဟာ ရှောင်ရှားလို့မရဘူးဆိုတာ မြန်မာနိုင်ငံနဲ့ ကျူးလွန်မဲ့သူတွေကို အချက်ပေးစေမှာဖြစ်ပါတယ် လို့ Fortify Rights က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်ချက်ဖွင့်သူ ၁၆ ဉီးထဲမှာ ကျောင်းသားတွေ၊ ပညာရှင်တွေ၊ လယ်သမားတွေ၊ ကျေးရွာ အကြီးအကဲတွေနဲ့ တိုင်းရင်းသားတွေ ပါဝင်တယ်လို့ Fortify Rights က ဆိုပါတယ်။

ကိုးကား – AP
Ref; Human rights group files suit in Germany against Myanmar military