ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်

မန္တလေးတိုင်း၊ MN PDF မြို့ပြပြောက်ကျားအထူးတပ် ဖွဲ့အမှတ် ၅ တပ်ရင်းမှ စနိုက်ဘာ အပါအဝင် သေနတ် ၅ မျိုးအထိ အောင်မြင်စွာထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း Myitnge – People Defence Force အဖွဲ့ထံမှသိရသည်။

အဆိုပါ သေနတ်အမျိုးများမှာ စနိုက်ဘာ ၊ အူဇီ ၊ ရိုင်ဖယ် ၊ ကာဘိုင် ၊ ကိုလုံး စသည့် သေနတ်များဖြစ်ကြောင်း MN PDF တပ်ဖွဲ့ဝင်များကပြောသည်။

“ကျနော်တို့ မန္တလေး ခရိုင် တပ်ရင်း ၅ ကနေထုတ်လုပ်ထားတာတွေပါ သေနတ်တွေကတော့ ကုန်ကျစရိတ် တွေကအမျိုးအစားလိုက်ရှိပါတယ်။ လက်ရှိမှာ မြောင်မြိုနယ်နယ်တိုက်ပွဲတွေမှာပါအသုံးပြုနေပါတယ်” ဟု MN PDF အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်မှူးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လကျရျှိတှငျ MN PDF မြို့ပြပြောက်ကျားတပ်ဖွဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ မှ ကိုယ်တိုင်းထုတ်လုပ်သည့် သေနတ်များ၊ မိုင်းများနှင့် တိုက်ပွဲများတွင် အောင်မြင်မှုများရရှိနေသလို မြိုင်မြို့နယ်တိုက်ပွဲများတွင်လည်း ၎င်းတို့၏ လက်နက်များကို အသုံးပြုလျှက်ရှိပြီး တိုက်ပွဲဝင်နေကြောင်း MN PDF တပ်ဖွဲ့ဝင်များကပြောသည်။