ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက စတင်ပြီး မြို့အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့အတွင်းက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအားလုံးနီးပါးကို တော်လှန်ရေးအင်အားစုတွေက ည ၁ဝ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

”ည ၁၀ နာရီလောက် စဖြစ်တာ တော်တော်များများရုံးတွေလည်း မီးရှို့ခံထားရတယ်။ ခုတော့ စကစ ဘက်က လေယာဥ်နဲ့ပါ လာပစ်နေတယ်”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိခိုက်အသေဆုံးများ လာတာကြောင့် လေယာဥ်နဲ့ပါ လာဗုံးကျဲနေပြီး ဒေသခံအများစုကတော့ ဗုံးခိုကျင်းထဲဝင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြို့အတွင်း ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ကောင်စီရဲ့ ဗုံးကျဲမှုကြောင့် နေအိမ်မီးလောင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။