ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၄ ရက်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကို ယမန်နေ့ ဇန်နဝါရီလ၂၃ ရက်နေ့ မနက်၇နှာရီဝန်းကျင်တွင် KhinU Specialforce Organization- KSO အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အင်အား ၁၅ ဦးခန့်ပါဝင်သည့် စစ်ကောင်စီတပ်သည် အင်းပတ်ကွေ့ တောင်ဘက် ကြက်ခြံသို့ ခြေလျင်ထွက်လာချိန်တွင် အဆိုပါကာကွယ်ရေးအဖွဲ့က ပဒေသာ မိုင်းဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KhinU Specialforce Organization – KSO အဖွဲ့ထံမှ သိရသည်။
“သူတို့က အင်းပတ်ကွေ့ဈေးထဲမှာအထိုင်ချနေတာကြာပြီ။ အဲ့ကနေ အင်အား ၁၅ ဦးခန့်က တောင်ဘက် ကြက်ခြံသို့ ထွက်လာချိန် ကျတော်တို့က ပဒေသာမိုင်း၃လုံးနဲ့တိုက်ခိုက်တာ။ နေရာမှာတင် ပွဲချင်းပြီး ၅ ယောက်သေသွားတယ်။ နောက်တော့ ရေဦးဆေးရုံမှာ ၅ယောက် ထပ်သေတယ်လို့သိရတယ်ဗျ။ လက်ရှိကျတော်တို့ နယ်ခံPDFအဖွဲ့တွေက လက်လုပ်သေနတ်တွေဘဲရှိတော့ မိုင်းပဲ အားကိုးပြီး တိုက်ခိုက်နေရတယ်ဗျ။ အာ့ကြောင့် ပြည်သူများအနေနဲ့ တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြပါဦး”ဟု KhinU Specialforce Organization- KSO အဖွဲ့၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်များသည် သေနတ်များဖြစ် ရမ်းသမ်း ပစ်ခတ်နေသောကြောင့် အင်းပတ်ဒေသခံပြည်သူများ ပုန်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။