ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

စစ်ကိုင်းတ်ိုင်း၊ တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၄)၊ BSO နှင့် ABSDF ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင်လ (၅) ရက်နေ့တွင် နယ်မြေလှုပ်ရှားစစ်ကြောင်းထွက်၍ ကညန ရုံးအားဝင်ရောက် စစ်ဆေးခဲ့ကြောင်း တမူး PDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါရုံးအနေဖြင့် စစ်ကောင်စီ ထောက်တိုင်လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိရသည့် အတွက် လုပ်ငန်းများဆက်လည်ပတ်မှုမရှိစေရန် မီးရှို့ဖျက်စီးခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

စစ်ကောင်စီအကျိုးပြု ထောက်တိုင်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့် မည်သည့်အဖွဲ့အစည်းမဆို အချိန်မရွေးဝင်ရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း အသိပေး ကြေငြာထားသည်။