ဧရာဝတီတ်ိုင်းမ်
ဇူလိုင်လ ၇ ရက်

ယနေ့ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော 7 July နှစ်ပတ်လည်နေ့တွင် စစ်ကိုင်းတိုင်း ညောင်ပင်ကြီး-ယင်းမာပင်လမ်းဘေးရှိ သမိုင်းဝင်ဖိုလ်ဝင်တောင်မုခ်ဦးတွင် လူထုသပိတ်အင်အားစုများစုပေါင်းကာ “7 July စိတ်ဓာတ်ကိုကိုင်စွဲပြတိုက်ပွဲဝင်ကြ” ဆိုတဲ့ စာသားကိုကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။

လူထုသပိတ်သို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အမျိုးသမီးမဟာမိတ်အင်အားစု (WAB)၊ ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်း၊ လက်ပံတောင်းတောင်ဒေသကျေးရွာသပိတ်စစ်ကြောင်း၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း၊ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ်ကျေးရွာသပိတ်စစ်ကြောင်း၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ် ကျေးရွာသပိတ်စစ်ကြောင်း၊ ရုန်းထတော်လှန် ရွာငယ့်အားမာန် သပိတ်စစ်ကြောင်း၊ အောင်လံလျွင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ချီတက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – GSCB