ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ၊ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီတပ် တောင်သုံးလုံး စစ်အခြေစိုက်စခန်း မနေ့ ဇန်နဝါရီလ ၂၁ ရက် မနက် ၇ နာရီခန့်မှာ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု တွေရှိခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စခန်းကို ဒရုန်းဗုံး ၄ လုံး ကြဲချတိုက် ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
”ဆင်စွယ်-တောင်သုံးလုံး အထိုင်စခန်းကို မနေ့မနက်အစောပိုင်းမှာ ဒရုန်းဗုံး ၄ လုံးကြဲချတိုက်ခိုက်တာလို့သိရ တယ်။ သူတို့ဘက်ကလည်း ဒရုန်းဂန်းတွေ၊လက်နက်ကြီးတွေနဲ့ပြန်ပစ်တာရှိတယ်။ စစ်ကောင်စီတပ်ဘက်က ထိ ခိုက်သေဆုံးနဲ့ဒဏ်ရာရတွေများတယ်” လို့ KNLA တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖာပွန်ခရိုင်အတွင်းက တောင်သုံးလုံး ရှေ့တန်းစစ်အခြေ စိုက်စခန်းဟာ စကခ ၈ လက်အောက်ခံ ခမရ ၄၀၁ တပ် ရင်းတပ်စွဲထားတဲ့စခန်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာရရှိတယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောပါတယ်။
အခုလထဲမှာဘဲ ဖာပွန်ခရိုင်ထဲက ခေါပုတ် – ဒါးကွင်းဒေ သအနီး စစ်ကောင်စီတပ် မဲဝိုင်စခန်း၊ မဲသ လွတ်စခန်းတွေလည်း မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားနေလို့ လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေ ဆကိတိုက်ပြုလုပ်နေတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။