ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံကိုယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စစ်တပ်မှ MI 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ် Mi 35 ရဟတ်ယာဥ်များဖြင့် ပစ် ခတ်တိုက်မှုကြောင့် ဆေးရုံတက်နေသူ အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ဆေးရုံဝန်းအတွင်းရှိ နယ်မြေခံပြည်သူများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း ဆေးရုံပင်မဆောင်၊ ဓာတ်ခွဲခန်း၊ ရေစင်၊ သံဃာဆောင် နှင့် ဆေးရုံသို့ လူနာလာပို့သည့် ကားတစ်စီးလည်းထိခိုက်ပျက်စီးခဲ့ပြီး အနီးရှိ ကျေးရွာများကိုလည်း လေယာဥ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။

“ဒါက ဆေးရုံမှန်းသိလျှက်နဲ့ အရပ်သားပြည်သူတွေကိုလေကြောင်းကနေ ပစ်မှတ်ထားပြီးတိုက်ခိုက်တာပါ။ ပြည်သူကိုစစ်ကောင်စီက လူမျိုးတုန်းသတ်ဖြတ်နေတဲ့သဘောပဲဗျ။ဆေးရုံမှာရောဂါအမျိုးမျိုးနဲ့ တက် ရောက်ဆေးကုသနေတဲ့လူနာတွေကိုလည်းဘေးလွတ် တဲ့ဆီ ချက်ခြင်းပို့ဆောင်ပေးခဲ့ကြရတယ်။ အခုလည်း ဘယ်အချိန်ထပ်ပြီးလာပစ်မလဲလို့ ကြည့်နေရပြီး ဘေးလွတ်ရာကိုရှောင်ဖို့ လုပ်နေကြရတယ်” လို့ မြိုင် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ကျားသစ်နက်တပ်မတော် B.L.P.A မှ ရှုတ်ချကြောင်းနှင့် ပြည်သူများအတွက် လက်စားချေတိုက်ပွဲများဆင်နွဲမည် ဟု ကျားသစ်နက်တပ်မတော်တာဝန်ရှိသူ ကိုပေကြီးက ပြောသည်။

ဓာတ်ပုံ-မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အနောက်ပိုင်းဇုံ
#Ayeyarwaddy_Times