ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ ညက မြတ်မေတ္တာမွန် ဆီဆိုင် မီးလောင်မှုမှာ သေဆုံးသူ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ဆီဆိုင်မီးလောင်မှုဟာ အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး မီးလောင်တဲ့ညမှာ ဆိုင်က ဝန်ထမ်း ၁ ဦးသေဆုံး ခဲ့သလို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နောက်ထပ် ၂ ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ အဲ့မီးလောင်တဲ့ညမှာ ဆိုင်က အမျိုးသား ၁ ဦးဆုံးပြီး ကျန်တဲ့ ၂ ယောက်က မနက်ပိုင်းမှ ဆုံးတာ၊ မီးက လည်း တော်တော်များတာကို၊ ဘာပဲဖြစ်ဖြစ်စိတ်မကောင်းပါဘူး”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့ဘက်ကတော့ ဆီပေပါ လည်းရင် မီးလောင်မှုဖြစ်ပွားတာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး ဆီဆိုင်မန်နေဂျာဖြစ်သူ ဦးသူရဇော်ထက်ကို ပုဒ်မ ၂၈၅ နဲ့ အသုတ်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။