ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၂၂ ရက်

မတူပီ-မင်းတပ်လမ်းပေါ်တွင် စခန်းချထားသော စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းစခန်းကို CDF-Matupiက ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ MA-1 တစ်လက်နှင့် ကျည်ဘောက်တစ်ခုသိမ်းဆည်းရမိခဲ့ကြောင်းCDF-Matupiက ယမန်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

CDF-Matupiက ဝင်ရောက်တိုက်ခိုက်မှု​ကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကျအဆုံးများသော စစ်ကောင်စီကာကင်းစခန်းသို့ စစ်ကူ‌လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းကို CDF-Matupiက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့၌ပင် CDF Matupi၊ CDF-Maraနှင့် CDF-Zotongပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မတူပီ-ဟားခါးလမ်းဘက်တွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi၏ ထုတ်ပြန်ချက်အရသိရသည်။

မတူပီမြို့တွင် CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီလ ၂၁ ရက်နေ့တစ်ရက်တည်း၌ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများတွင် CDF-Matupiအနေဖြင့် ဒဏ်ရာရရှိသူမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – မင်းတပ် – မတူပီလမ်းပေါ်ရှိ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် MA-1 နှင့်အတူ CDF Matupi မှ ရဲဘော်များအား မြင်တွေ့ရစဥ်။