ဧရာဝတီတိုင်မ်း
(မတူပီ)၊ ဒီဇင်ဘာလ ၂၁ ရက်

ချင်းပြည်နယ်၊ မတူပီမြို့၊ CDF-Matupiနှင့် စစ်ကောင်စီတပ်တို့အကြား ဇန်နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupiက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

CDF-Matupi၊ CDF-Maraနှင့် CDF-Zotongတပ်ပေါင်းစုတို့ပူးပေါင်းပြီး မတူပီမြို့၊ CDF-Matupi၊ တပ်ရင်း- ၂ ထိန်းချုပ်ထားသော ငလိုင်ကျေးရွာနှင့် ခရိုင်ရုံးအကြား၊ ခရိုင်ရုံးအိုးအိမ်ကုန်းထိပ်နှင့် ဖနိုင်ဘုန်းကြီးကျောင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

CDF-Matupi၊ တပ်ရင်း- ၂ ထိန်းချုပ်ထားသော နယ်မြေတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ CDF-Matupi ရဲဘော် ၁ ဦးကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။