ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ အထွေ ထွေအုပ်ချုပ်ရေးရုံးကို ယနေ့ ဇန်နဝါရီလ ၂၁ ရက် မနက် ၁၁ နာရီ ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီကန့်ဘလူအဖွဲ့ထံမှ သိရှိရသည်။

ကန့်ဘလူ၊ဇီးကုန်းမြို့နယ်ရှိ ထွေအုပ်ရုံးတွင် ရွေး ကောက်ပွဲကျင်းပရေးအတွက် အစည်းအဝေးပြု လုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထွေအုပ်ဝန်ထမ်းများအား လက်ပစ်ဗုံးနှင့် ရှေ့ထွက်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနှင့် နောက် လိုက် ထွေအုပ်၀န်ထမ်းများ ထိခိုက်ဒဏ်ရာရပြီး သေ ဆုံးသူများရှိကြောင်းအဖွဲ့တာ၀န်ခံ ဗိုလ်လင်း ယုန်မှ ပြောသည်။

“မဲစာရင်းကိစ္စနဲ့ ရုံးထဲမှာအစည်းအဝေးလုပ်ဖို့ရှိတယ် ဆိုတာ မြေပြင်သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ တာပါ။ စစ်သားတွေကို လက်ပစ်ဗုံးနဲ့အပစ်ပြပြီးတော့ ရှေ့ထွက်မိုင်းဆင်ထားတဲ့နေရာထိရောက်အောင် မျှား ခေါ်လာပြီးမှ အဝေးထိန်းနဲ့ဖောက်ခွဲခဲ့တာပါ”ဟု ဗိုလ်လင်းယုန်မှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းမှအတည်ပြုပြောသည်။

စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲလုပ်ငန်းများတွင် ပါ၀င်ပတ်သက်မှုများ မပြုလုပ်ကြရန်နှင့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါ၀င်ပတ် သက်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆိုလင်းယုန်နီကန့်ဘလူတပ်ဖွဲ့မှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။