ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

မန္တလေးမြို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းပြီး တပ်သတင်းပေးလုပ်နေသူနှင့် အပေါင်းအပါ ၁ ဦးကို ဇန် နဝါရီလ ၂၀ ရက် ယမန်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် STF-MDYအဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။

ပစ်သတ်ခံရသူမှာ စစ်တပ်သတင်းပေးလုပ်​ဆောင်နေသူ သန့်စင်(ခ)ကတုံး ဖြစ်ပြီး ၄င်းမှာ PDF သင်တန်းတက်ရောက်ခဲ့သူဖြစ်ကာ ၄င်းနှင့်အတူပါလာသူတိုကို ပြည်ကြီးတံခွန် ၄၈၊၄၉လမ်း ရတနာမိုး လဘက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“သူက အရင်တုန်းကPDFသင်တန်းတက်ဖူးတယ်၊နောက်တော့ ပြန်လာပြီး စစ်ကောင်စီနဲ့ပေါင်းပြီး ဒလန်လုပ်နေတာ၊အဖမ်းခံရသူတွေရဲ့ မိသားစုတွေကို ငွေညစ် ခြိမ်းခြောက်တာ တွေလုပ်တယ်၊အဲ့တာ ကြောင့် အခုလို ရှင်းလင်းလိုက်တာ ” ဟု STF-MDY အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြို့ပြပြောက်ကျား STF-MDY အနေဖြင့်မစ်ရှင်များ အရှိန်မြင့်လုပ်ဆောင်မည် ဖြစ်သည့်အတွက် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင် အပြင်ထွက်ခွာပါက စစ်ကောင်စီတပ်၊စစ်အုပ်စုထောက်တိုင်နေရာ၊လူ၊အဆောက်အဦများဖြင့် ဝေးဝေးနေကြရန် ၄င်းကဆက်လက်ပြောသည်။

ဇန်နဝါရီလ ၁၅ရက်နေ့ကလည်း STF-MDY အဖွဲ့က မဟာမြိုင် ၁ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို နေအိမ်တွင်းဝင်ရောက်ပစ်ခတ်ခဲ့၍သေဆုံးခဲ့ကြောင်းသိရသည်။