ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ၂၁ ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ ၁၁ နာရီ ဝန်းကျင်တွင် ဝက်လူးရဲစခန်းမှ ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို Natogyi People Defence Force-NPDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုတွင် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး MA 3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၁၉ တောင့်နှင့် ကျည်ကာတစ်ထည် သိမ်းဆည်းရရှိခဲ့ကြောင်း NPDF တပ်ဖွဲ့ဝင်များပြောသည်။

” ဘဟက်တောရွာနားမှာ တိုက်ခိုက်တာပါ။ တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ကျန်တဲ့သူတွေ ထွက်ပြေးကြတော့ ကျတော်တို့က အနောက်က လိုက်ပစ်တယ်။ နောက်ပြီး နွားထိုးကြီးဘက်ကနေ စစ်ကူလာတဲ့ကားကို နေ့လည် ၁ နာရီ ဝန်းကျင်မှာ ပဲကျက်ရွာနားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်၊ ပြီးတော့ဝက်လူးစခန်းကို ဆက်သွားကြတယ်” လို့ Natogyi People Defence Force-NPDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒါ့ပြင် စစ်ယာဥ်တန်း ၄ စီးဖြင့် သေဆုံးသွားသည့် တပ်ကြပ်ကြီးအလောင်းကို သယ်ပို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများကို ထမ်းစင်ကျေးရွာအနီးမှာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ အများအပြား ဒဏ်ရာရရှိသွားကြောင်း NPDF တပ်ဖွဲ့ဝင်များကပြောသည်။

#နွားထိုးကြီး #စစ်ကောင်စီ #ကင်းလှည့် #တိုက်ပွဲ #တပ်ကြပ်ကြီး #သေဆုံး #သေနတ် #သိမ်းဆည်းရရှိ
#Ayeyarwaddy_Times
………………………………………………………………..

Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

https://www.facebook.com/508784185946254/posts/2385492624942058/