ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၁ ရက်

ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံက အသုံးပြုဖို့ စစ်လက်နက်တွေ ထောက်ပံ့ပေးတဲ့အတွက် မြောက်ကိုရီး ယားနိုင်ငံကို အမေရိကန်အစိုးရက ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ရုရှားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ Wagner Group သို့ လက်နက်တွေ ထောက်ပံ့ နေတယ်ဆိုတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို အိမ်ဖြူတော်က ဇန်နဝါရီလ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံမှ ကားရထားငါးစင်းက ရုရှားမှ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့တယ်ဆိုတာ ပြသနေတဲ့ ပြီး ခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၈ ရက်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံက ပြသနေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံ ရေး ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှ ကုန်တင်တွဲတွေ တင်ဆောင်လာတဲ့ ကားရထားငါးစင်းက နောက်ရက်မှာ ရုရှား နိုင်ငံသို့ ပြန်ရောက်သွားတာကို အခြားဓာတ်ပုံတစ်ပုံက ပြသနေတယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံက Wagner Group အသုံးပြုဖို့ ရုရှားနိုင်ငံသို့ ဒုံးပျံတွေ၊ ဒုံးကျည်တွေ ပေးပို့ခဲ့တယ် လို့ ဒီဇင်ဘာလအတွင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

အဆိုပါကားရထားတွေက စစ်လက်နက်တွေ သယ်ဆောင်ခဲ့တာဖြစ်ပေမယ့် Wagner Group အသုံးပြုဖို့ ပေးပို့ခဲ့တဲ့ စစ်လက်နက်တွေက ယူကရိန်းစစ်မြေပြင်မှာ အပြောင်းအလဲမဖြစ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံမှာ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် Wagner Group ကို နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ် မှတ်မယ်လို့ ဂျွန်ကာဘီက ပြောပါတယ်။

Wagner Group ကို နိုင်ငံတကာ ရာဇဝတ်အဖွဲ့အစည်း
အဖြစ် သတ်မှတ်ပြီးရင် အမေရိကန်အစိုးရက ထပ် တိုး ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – NHK
Ref; US: N.Korea providing arms to Wagner Group for use in Ukraine