ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
ရန်ကုန်အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသူ/သား ၇၀၀ ကျော်ကို စစ်ကောင်စီမှမိသားစု၀င်များအား အသိပေးခြင်းမရှိဘဲ သာယာ၀တီထောင်နှင့် သရက်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူတစ် ဦးထံမှ သိရှိရသည်။
ဇန်နဝါရီ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအပါအ၀င် အကျဉ်းသား ၇၀၀ ကျော်ကို ဘတ်စ် ကားများဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ် ကြောင်းသိရှိရသည်။
ပြောင်းရွှေ့ခံရသည့် အကျဉ်းသားများထဲတွင်အမျိုး သမီးအကျဉ်းသူ ၁၀၀ ကျော်ပါ၀င်ပြီး ကျန် ၆၀၀ ကျော် မှာ အမျိုးသားများဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူမှ ဧရာ၀တီတိုင်းမ်ကို ပြော သည်။
နိုင်ငံရေးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံထားရသည့် အကျဉ်းသားအများဆုံးစုပြောင်းရွှေ့ခံရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လက နှစ်ရှည်ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရသည့် လူငယ် ၃ ဦးပါဝင်ကာ အဆိုပါအကျဥ်းသားလူငယ် ၃ ဦးနှင့် မိသားစု၀င်များ ယနေ့အထိ အဆက်အသွယ်မရရှိသေးကြောင်းသိရသည်။
“လှိုင်တရားရုံးမှာ အမိန့်ချခံရတဲ့ ကလေး ၃ ယောက်ပေါ့နော် သူတို့ကတစ်ဖွဲ့ထဲ။ အဲဒီ ၃ ယောက်လုံးနဲ့ အဆက်အသွယ်မရဘူး။ ၁၄ ရက်နေ့မတိုင်ခင်က တည်းက ထောင်ကလူတွေက မရှိဘူး၊ မသိဘူးလုပ်နေတာ။ ပို့လို့မရဘူးဆိုပြီးပြောတာ။ အသည်းအသန်လိုက်စုံစမ်းပြီး သိရတာက သူတို့ကို သရက်ထောင်ကို ပြောင်းလိုက်တယ်ဆိုပြီးသိရတာ။ ထောင်ကဘာအကြောင်းကြားတာမျိုးမှမရှိဘူး၊ သွားမေးတာတောင်မပြောဘူး”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦး မှပြောသည်။
ယင်းလူငယ် ၃ ဦးသည် ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ကျော်ဇေယျ(ခ)အကြီးကောင်၊ မင်းခန့်ကျော်(ခ)မန်းကီး၊ ပိုင်ထူးခန့်(ခ)အိုဂျီတို့ဖြစ် ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းမှလည်း ထုတ်ပြန် ထားသည်။