ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
ယူကရိန်းနိုင်ငံသို့ မကြုံစဖူး စစ်ရေးအကူအညီပေးမယ်လို့ ဥရောပ ၁၁ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေက ကတိပြုလိုက်ပါတယ်။
ဗြိတိန်၊ ပိုလန်နဲ့ ဘောလ်တစ်သုံးနိုင်ငံ အပါအဝင် ကိုယ်စားလှယ်တွေက မနေ့က အက်စတိုနီးယားနိုင်ငံ တောလင်းမြို့တော်မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ယနေ့ပြုလုပ်မယ့် ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီပေးရေးဆိုင်ရာ အစည်းအဝေးမ တိုင်မီ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အခြားတိုင်းပြည်တွေကလည်း ယူကရိန်းသို့ စစ်ရေးနဲ့ လုံခြုံရေးအကူအညီ ပေးအပ်ကြဖို့ ဉရောပ ၁၁ နိုင် ငံက ထုတ်ပြန်ချက်အတွင်း တိုက်တွန်းလိုက်ပါတယ်။
ဟောင်ဝှစ်ဇာအမြောက်ကြီးတွေ၊ အမြောက်ကျည်တွေ အပါအဝင် ယူကရိန်းသို့ ဒေါ်လာ ၁၂၂ သန်းတန် ကြေးရှိ စစ်ရေးအကူအညီပေးအပ်မယ်လို့ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အက်စတိုနီးယားနိုင်ငံက က တိပြုခဲ့ပါတယ်။
ယခုတစ်ကြိမ် အပါအဝင် ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီတန်ဖိုးက ယူရို သန်း ၃၇၀ အထိ ရှိ လာခဲ့တာကြောင့် ဂျီဒီပီရဲ့ တစ်ရာခိုင်နှုန်းကျော် ပိုလာခဲ့ပြီလို့ အက်စတိုနီးယားအစိုးရက ပြောပါတယ်။
ဥရောပ ၁၁ နိုင်ငံအပြင် ယူကရိန်းသို့ ဒေါ်လာ ၄၁၆ သန်းတန်ကြေးရှိ စစ်ရေးအကူအညီပေးမယ်လို့ ဆွီ ဒင်အစိုးရက ကြေညာခဲ့ပါတယ်။
ဆွီဒင်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီမှာ CV90 သံချပ်ကာယာဉ်တွေ၊ Archer အမြောက် ကြီးတွေနဲ့ တင့်ဖျက်လက်နက်တွေလည်း ပါဝင်ပါတယ်။