ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၀ ရက်
အာဏာသိမ်းစစ်ကောင်စီရဲ့ အပြုအမူကို သြဇာသက်ရောက်စေဖို့ စီးပွားရေးအရ ဖိအားပေးတာအသုံးပြု ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဖွံ့ဖြိုးမှုအနည်းဆုံး တိုင်းပြည် တစ်ခုဖြစ်ပြီး မြန်မာနဲ့အာဆီယံကြား အချိုးမညီသောဆက်ဆံရေးတစ်ခု ဖန်တီးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးပါဆုံးသွင်းကုန်က သန့်စင်ပြီး ရေနံနဲ့ စားအုန်းဆီဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရေနံ ကို အဓိကအားဖြင့် စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံမှ တင်သွင်းပြီး စားအုန်းဆီကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံ မှ ဝယ်ယူပါတယ်။
မြန်မာနိုင်ငံဟာ လောင်စာဆီစျေးနှုန်းနဲ့ ဓာတ်အားပြတ်တောက်တာ ကြုံတွေ့နေရတာကြောင့် စစ်ခေါင်း ဆောင်ပိုင်းက ဓာတ်အားပေးစက်ရုံတွေမှာ အသုံးပြုဖို့ သန့်စင်ပြီး ရေနံကို ပြည်ပမှ တင်သွင်းနေရပါတယ်။ အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဓာတ်ဆီစျေးနှုန်းက ၃၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ စစ် ကောင်စီက စင်ကာပူမှတစ်ဆင့် ရုရှားနိုင်ငံမှ လောင်စာဆီတင်သွင်းဖို့ပင် စဉ်းစားနေပါတယ်။
ကမ္ဘာ့နိုင်ငံတွေက လောင်စာဆီကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့တဲ့ နမူနာတွေရှိပါတယ်။ OPEC အ ဖွဲ့ဝင် အာရပ်နိုင်ငံတွေက Yom Kippur စစ်ပွဲအတွင်း အစ္စရေးနိုင်ငံကို ထောက်ခံမှုကြောင့် အမေရိကန်နိုင်ငံသို့ ရေ နံရောင်းချမှု ပိတ်ပင်ခဲ့တာကြောင့် ၁၉၇၃ ခုနှစ်မှာ လောင်စာဆီဆိုင်ရာ တုန်လှုပ်ခြောက်ချားမှု ဖြစ်ခဲ့ပါတယ်။
စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ သန့်စင်ပြီးရေနံတင်ပို့တာ ပိတ်ပင်ပြီး မြန်မာနိုင်ငံပိုင် ရေနံလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံ လုပ်ဆောင်သင့်ပါတယ်။ အခုလို ဒဏ်ခတ်အရေးယူမှသာ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်စွာ ပိတ်ဆို့စေနိုင်မှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံသို့ စားအုန်းဆီတင်ပို့တာ ရပ်ဆိုင်းသင့်ပါတယ်။ ၂၀၁၂ ခုနှစ် နဲ့ ၂၀၁၈ ခုနှစ်ကြား မြန်မာနိုင်ငံရဲ့ စားအုန်းဆီတင်သွင်းမှုက ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ မြေပဲဆီ၊ နှမ်းဆီလိုမျိုး အစားထိုးစရာတွေရှိပေမယ့် မြန်မာပြည်သူအများစုက စျေးသက်သာတဲ့ စားအုန်းဆီကို ပိုသုံးကြပါတယ်။
အခုလို ဒဏ်ခတ်အရေးယူတာက မြန်မာပြည်သူတွေအပေါ် သက်ရောက်မှုတွေရှိနိုင်တာ အာဆီယံက သတိထားရမှာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ အာဏာသိမ်းစ်ကောင်စီအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ ဘဏ်အကောင့်တွေပိတ်ပင်တာ၊ အာဆီ ယံနိုင်ငံတွေရှိ အာဏာသိမ်းစစ်ကောင်စီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ လုပ်ဆောင်သင့်ပါတယ်။
ပဋိပက္ခအဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အခြေအနေ တိုးတက်လာဖို့ အာဆီယံနဲ့ စစ် ကောင်စီကြား သဘောတူညီချက်တစ်ရပ်ဖြစ်တဲ့ ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ဖို့ ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက စစ်ကောင်စီအပေါ် တွန်းအားပေးတာ မလုပ်ဆောင်ခဲ့ပါဘူး။ ကမ္ဘောဒီး ယားဝန်ကြီးချုပ် ဟွန်ဆမ်က အတိုက်အခံ တက်ကြွလှုပ်ရှားသူလေးဉီး ကြိုးပေးကွက်မျက်မှု ရုတ်သိမ်းဖို့ စစ် ကောင်စီကို မဖျောင်းဖျနိုင်ခဲ့ပါဘူး။
ကမ္ဘောဒီးယားနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင် ထိတွေ့ဆက်ဆံတာ မပြုလုပ် နိုင်ခဲ့ပါဘူး။ ကမ္ဘောဒီးယားနိုင်ငံက အရေးယူမှုသာပြုလုပ်ခဲ့လျင် ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုရှိမှာ သေချာပါတယ်။
မြန်မာ့အရေးကို ဘယ်လိုဖြေရှင်းမယ်ဆိုတာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့အတွင်း တူညီဆန္ဒမရှိပါဘူး။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူက အာဏာသိမ်းစစ်ကောင်စီကို ဝေဖန်ကာ နိုင်ငံရေးအကျဉ်းသား တွေ လွှတ်ပေးဖို့ တောင်းဆိုကာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်မပြုဖို့ ပိတ် ပင်ခဲ့ပါတယ်။
အခြား အာဆီယံနိုင်ငံတွေကတော့ အာဏာသိမ်းစစ်ကောင်စီကို ပြစ်တင်ရှုတ်ချတာ ရှောင်ရှားခဲ့ပါတယ်။ မြန်မာ့အရေး အခြေအနေ မည်သို့ အပြောင်းအလဲဖြစ်ပါစေ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံမယ်လို့ တရုတ် နိုင်ငံက အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တရုတ်က မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင် ငံဖြစ်နေဆဲဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ပံ့ပိုးထောက်ခံမှုကြောင့် မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေအပေါ် နှိပ်ကွက်မှု လျှော့သွား ဖွယ်မရှိပါဘူး။ ဆွေးနွေးပွဲမှာ အမေရိကန်လိုမျိုး အင်အားကြီးနိုင်ငံတွေကို ဖိတ်ကြားပြီး ဒေသတွင်း အင်အားချိန် ခွင်လျှာ ထိန်းညှိရေးကို အာဆီယံက အလေးထားဆောင်ရွက်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံ မှာ တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှုကို တန်ပြန်ထိန်းညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ၂၀၂၂ ခုနှစ် Burma Act က မြန်မာစစ်တပ်ကို ခုခံတွန်းလှန်နေတဲ့ အတိုက်အခံတပ်ဖွဲ့ တွေအတွက် လူသေစေနိုင်သောအကူအညီ၊ NUG နဲ့ ထိတွေ့ဆက်ဆံခွင့်ပြုဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို လုပ်ပိုင်ခွင့်ပြု ထားပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီ ပါဝင်မှုကို ပိတ်ပင်ထားချိန် အာဆီယံဟာ အ ခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးမစွက်ဖက်မူဝါဒကနေ ဖယ်ခွာခဲ့ပါတယ်။ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမစွက်ဖက် ရေးမူကို ပြန်လည်သုံးသပ်ဖို့၊ စီးပွားရေး၊ ကုန်သွယ်မှု၊ နိုင်ငံရေးနဲ့ လုံခြုံရေးမူဝါဒတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ အာဆီယံအဖွဲ့အတွက် အချိန်ကျရောက်ပြီဖြစ်ပါတယ်။
ပြည်သူတွေသုံးစွဲတဲ့ ထုတ်ကုန်တွေအပေါ် ဒဏ်ခတ်အရေးယူတာ နောက်ဆုံးအနေနဲ့သာ စဉ်းစားသင့်ပါ တယ်။ အာဆီယံအနေနဲ့ အရင်ဆုံး မြန်မာစစ်တပ်ရဲ့ ဘဏ်အကောင့်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်သူ တွေအပေါ် ဒဏ်ခတ်အရေးယူမှု အရင်ဆုံး ပြုလုပ်သင့်ပါတယ်။
အာဆီယံအဖွဲ့ရဲ့ တစ်ခုတည်းသော အကြီးမားဆုံး သြဇာသက်ရောက်မှု အရင်းအမြစ်က မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ သြဇာသက်ရောက်မှုဖြစ်ပြီး ၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားအနေနဲ့ ဒီ သြဇာသက်ရောက်မှုက အသုံးဝင်တယ်ဆိုတာ သိမြင်သင့်ပါတယ်။
ဟောင်ကောင်တက္ကသိုလ်မှ PhD candidate ဖြစ်သူ Ronald Tundang ရေးသားတဲ့ ASEAN should use its economic leverage over Myanmar’s junta ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။