ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

 

ထိုင်းနိုင်ငံ ဘန်ကောက်တွင်ကျင်းပမည့် BLACKPINK အဖွဲ့၏ ဖျော်ဖြေပွဲများကို မူလစီစဉ် ထားသည့်အတိုင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကျင်းပရာတွင် ပရိသတ်များသည် ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ်အား ဂါရဝပြုသည့်အနေဖြင့် အနက်ရောင် သို့မဟုတ် အဖြူရောင် ဝတ်စုံများ ဝတ်ဆင်လာရန် ဖျော်ဖြေပွဲ စီစဉ်သူများက တောင်းဆိုထားသည်။

“ဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ်အား ကျွန်ုပ်တို့၏ လေးနက်သော ဂါရဝပြုမှုကို ဖော်ထုတ် ပြသခြင်း၊ လိုက်နာခြင်းအားဖြင့် ‘BLACKPINK WORLD TOUR <DEADLINE> IN BANGKOK’ ဖျော်ဖြေပွဲသို့ လာရောက်ကြမည့် ပရိသတ်များအားလုံး ဝမ်းနည်းခြင်းနှင့် လေးစားခြင်း အထိမ်းအမှတ် အဖြစ် အနက်ရောင် (သို့မဟုတ်) အဖြူရောင် ဝတ်စုံများ ဝတ်ဆင်၍ တက်ရောက်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်” ဟု ဖျော်ဖြေပွဲ စီစဉ်သူများက ထုတ်ပြန်သည်။

 

“BLACKPINK WORLD TOUR <DEADLINE> IN BANGKOK” ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းတွင် သုံးရက်တိုင် ဖျော်ဖြေရန် စီစဉ်ထား ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။

BLACKPINK အဖွဲ့၏ ဖျော်ဖြေပွဲသို့ သရုပ်ဆောင် ခိုင်သင်းကြည်၏ သမီးဖြစ်သူ စံထိပ်ထားဦးလည်း တက်ရောက်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

 

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် ကွယ်လွန်ခြင်း အထိမ်းအမှတ်အဖြစ် အများပြည်သူ ဆိုင်ရာ ဝမ်းနည်းခြင်းကာလကို ရက် ၉၀ သတ်မှတ်ထားပြီး၊ အစိုးရရုံးများတွင် တစ်နှစ်တာ တိတိ ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖော်ပြရန် ထိုင်းအစိုးရက တိုက်တွန်းကြေညာထားကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်