ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ လက်ပံကျေးရွာက လူဦးရေစာရင်းကောက်ယူနေတဲ့ အုပ်ချုပ်ရေးမှူးအောင်စိုးနဲ့အဖွဲ့ကို ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အနက်ရောင်သေမင်းအဖွဲ့က ကျည်ဆံ ၇ တောင့်နဲ့ သတိပေးလိုက်ပါတယ်။
အဆိုပါလက်ပံကျေးရွာက အုပ်ချုပ်ရေးမှူး အောင်စိုးဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူခြင်း၊ ကျေးရွာရှိပြည်သူတွေရဲ့ မီးတာခတွေကို အတင်ကျပ်ကောက်ခြင်းစတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို့ အနက်ရောင်သေမင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“အဲ့ဒီအုပ်ချုပ်ရေးမှူးက ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ပူးပေါင်းပြီး စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာကို စစ်တပ် လုံးခြုံးရေးတွေနဲ့ ညဘက် မီးဖြတ်ပြီး တစ်အိမ်တတ်ဆင်းကောက်ပါတယ်။ စစ်ကောင်စီအလိုကျ အလုပ်တွေကို ဆက်မလုပ်ဖို့ ဒါက ပထမဆုံးနဲ့ နောက်ဆုံးသတိပေးတာပါ။ ဆက်လုပ်နေမယ်ဆိုရင် အုပ်ကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရဲ့ အိမ်တံခါဝကို ကျည်ဆံရောက်လာမှာပါ” လို့ အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ခံ ဗိုလ်ရှိုင်း က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲမှာ ဒေသခံပြည်သူတွေ မပါဝင်ကြဘို့ နဲ့ ၄င်းတို့အနီးအနားကိုရှောင်ရှားနေထိုင်ကြဘို့ကိုလည်း အနက်ရောင်သေမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါသေးတယ်။
…………………………………………
Ayeyarwaddy Times သတင်းဌာန စာဖတ်ပရိတ်သတ်တွေရဲ့ သဘောထားအမြင်များကို သိရှိလိုတဲ့အတွက် အောက်ဖော်ပြပါလင့်ခ်ကိုနှိပ်ပြီး စစ်တမ်းကို ဝင်ရောက်ဖြေဆိုပေးကြဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။
https://www.facebook.com/508784185946254/posts/2385492624942058/