ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ZERO ပြောက်ကျားတပ်ဖွဲ့ထံ တိုက်ခိုက်ရေးမှာထိရောက်စွာအသုံးပြုနိုင်ဖို့ POEM ကဗျာမလေးများ အဖွဲ့မှ သိန်း ၄၀၀ တန်း စက်သေနတ် ကူညီထောက်ပံံပေးလိုက်တယ် လို့ ZERO ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲ့ဒီ People Of Evolving Myanmar (POEM) ကဗျာမလေးများအဖွဲ့ဟာ တောကျီးကန်းစစ်ဆင်ရေးအနေနဲ့ZERO တပ်ဖွဲ့ထံ စက်သေနတ်ဝယ်ယူဖို့ သိန်း ၄၀၀ ကူညီထောက်ပံ့ထားတာကြောင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာဘဲ ၎င်းစက်သေနတ်ကို ZERO ပြောက်ကျားတပ်ဖွဲ့က ဝယ်ယူလိုက်တယ် လို့ ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ MA 2 လို့လည်းခေါ်တာပဲ ဒီသေနတ်ရဖို့ ၇ လလောက်ကြာခဲ့ပါတယ်။ ကျွန်တော်တို့ကို အဓိကပံ့ပို့ပေးတာကတော့ POEM အဖွဲ့ က ညီမလေးတွေပါ။ ဒီဖွဲ့နဲ့ လက်တွဲလာတာ ၁ နှစ် ကျော်အတွင်း တောကြီးကန်းစစ်ဆင်ရေးမှာ သိန်း ၄၀၀ ချပေးပြီ အဓိကပံ့ပိုးပေးတာပါ။ မနေ့ကတော့ ကျွန်တော်တို့လက်ထဲရောက်လာပါပြီ” လို့ ZERO ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့ပြင် ZERO ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ယခုလအတွင်းမိုင်း၊ ဒရုန်းမစ်ရှင်တွေ ဆောက်ရွက်မှုတွေပြုလုပ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့သလို လက်ရှိ ကွန်မန်ဒို ၂၀ နဲ့ စစ်ရေးလေ့ကျင့်နေပြီး စစ်ဆင်ရေးတွေဆက်လက် ပြုလုပ်ဖို့ ရှိတယ်လို့လည်း ZERO တပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။