ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်

စင်ကာပူက မြန်မာစစ်တပ်သို့ လက်နက်တွေ သို့မဟုတ် စစ်ရေးအသုံးပြုနိုင်တဲ့ပစ္စည်းတွေ လွှဲပြောင်းတာ တရားဝင်ခွင့်မပြုဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်နှိမ်နင်းရာမှာ အသုံးပြုနိုင်တဲ့ စစ်လက်နက်တွေဟာ အန္တရာယ်ကြီးမားတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းတွေတင်ပို့ရာမှာ စင်ကာပူကို ကြားခံတစ်ခု အဖြစ် အသုံးပြုတယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီရဲ့ အစီရင်ခံစာကို စင်ကာပူ နိုင်ငံခြားရေးဝန် ကြီးဌာနက အခုလို တုံ့ပြန်လိုက်တာပါ။

စင်ကာပူက ၂၀၂၁ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံသို့ လက်နက်တွေစီးဝင်မှု ပိတ်ပင်တဲ့ ကုလသမဂ္ဂ အထွေ ထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို မဲပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ လက်နက်တင်ပို့မှုပိတ်ပင်ချက်ကို စင်ကာပူ က တင်းကျပ်စွာ လိုက်နာစောင့်ထိန်းတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူက အပြည်ပြည်ဆိုင်ရာ လက်နက်လွှဲပြောင်းပေးမှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ သမားရိုး ကျ လက်နက်များအဖွဲ့ (UNROCA) သို့ တင်ပြထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ စင်ကာပူမှ မည်သည့် စစ်လက်နက်လွှဲပြောင်းပေးမှုမျှ မရရှိခဲ့ဘူးဆိုတာ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

စင်ကာပူရဲ့ဥပဒေတွေကို ဆန့်ကျင်ချိုးဖောက်သူကို အရေးယူဖို့ စင်ကာပူက တွန့်ဆုတ်မှာမဟုတ်ဖူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။