ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၉ ရက်
စစ်ကိုင်းတိုင်း(အထက်ပိုင်း)ကသာမြို့နယ်အတွင်း ကျေး ရွာ ၂ ရွာကို စစ်ကောင်စီလေတပ်မှ ယမန်နေ့ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်က လေယာဥ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရှိရသည်။
မိုးတားလေးကျေးရွာနှင့် တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၇ ဦးပွဲချင်းပြီးသေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ် ရာပြင်းထန်ရရှိကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာ တောထဲမှာဖြစ်ကြတာပါ။ စစ်သားတွေနဲ့ PDF၊ABSDF ပူးပေါင်းတပ်နဲ့ ဖြစ်ကြတာ။ စကစ ဘက်က လေယာဉ်နဲ့ တောက်လျှောက်ဗုံးတွေကြဲတာရွာတွေပေါ်ကို။ လူတွေသေကုန်တယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မဆိုင်တဲ့ ကျေးရွာတွေပေါ်ကို ဗုံးကြဲတာပါ။ လူမဆန်တဲ့ စည်းမရှိတဲ့လုပ်ရပ်ပါ”ဟု မိုးတားလေးကျေးရွာ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
PDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် သားမျာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဉ်ပစ်ကူများဖြင့် လူနေကျေး ရွာများပေါ်သို့ မီးလောင်ဗုံးများကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့မှ ပြောသည်။
“ဂျက်ဖိုက်တာ ၂ စီးနဲ့ အရင်လာကြဲချတယ်။ နောက် ညနေ ၆ နာရီလောက်ကျတော့ ဂျက်ဖိုက်တာ ၃ စီးထပ်လာပြီးတော့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးသီးတွေနဲ့ ရွာပေါ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို ကြဲချတိုက်ခိုက်ခဲ့တာပါ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးမှ အတည်ပြုပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လူနေအိမ်များ မီးလောင်ပျက်ဆီးခဲ့သည်ဟု သိရှိရသည်။