ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဇန်နဝါရီလ ၁၈ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇန်နဝါရီလ ၁၆ ရက်မှ စတင်ပြီး ၁၇ ရက်အထိ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်များနှင့် ဝောာင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့်ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦးအပါအဝင် တပ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်အတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့၌ နဂျပ်ဝောာင်ဖက်သို့စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကောင်စီတပ်အား စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၆ ဦးနှင့်အထက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“၂ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်၊ စစ်ကောင်စီဘက်က စတင်စစ်ကြောင်းထိုးလာပြီး ပြန်ခုခံတော့ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲ ၃ ကြိမ်အတွင်း စစ်ကောင်စီဘက်ကနေ ၄၀ ကျော်သေဆုံးတယ်လို့ မြေပြင်သတင်းအရ သိရတယ်။ စစ်ကြောင်းကဝော့ာ စစ်ကြောင်းထိုးလာတာရယ်၊ တပ်ကူလာတာလည်းပါတယ်၊ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးလဲ ကျဆုံးခဲ့ရတယ်”ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေးတာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အထိနာခဲ့သည့် စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထပ်မံ၍အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး တပ်ခွဲ(၄)နှင့်ပူးပေါင်းအဖွဲ့များနှင့် နံနက် ၅ နာရီတွင်တစ်ကြိမ်၊ ၁၀ နာရီဝန်းကျင်နှင့် နေ့လည် ၁၂ နာရီဝန်းကျင်များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင်သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်းတော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးခဲ့သည့်တပ်သားများအား ကားများဖြင့်သယ်ထုတ်ခဲ့ကြောင်းလည်း Bago Region PDFထံမှ သိရသည်။
အဆိုပါစစ်ကြောင်းမှ ကျန်ခဲ့သည့် ကျောပိုးအိတ်အားဖွင့်ကြည့်ရာ အမြောက်တပ်ဘက်တံဆိပ်များတွေ့ရှိရပြီး နဂျပ်တောင်ဝန်းကျင်အတွင်း စစ်ရေးတင်းမာနေသည့်အတွက်ပြည်သူများမှ စစ်ကောင်စီတပ်များနှင့် အဝေးဆုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုထားသည်။
ဓာတ်ပုံ – လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း ဖြစ်ပါသည်။)