ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်အပိုင်း ၃ မှ စစ်ကောင်စီသတင်းပေး ရာအိမ်မှူး သိန်းလွင်းအား ကျောက်ကြီးမြို့နယ် ပကဖ က ဇန်နဝါရီ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် နန်ထိုက်အောင်စစ်ဆင်ရေးအဖြစ်သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးရပ်ကွက် အပိုင်း ၃ မှ စစ်ကောင်စီသတင်းပေးရာအိမ်မှူးသိန်းလွင်မှာ လွန်ခဲ့သည့် ရက် ၂၀ ခန့်က သိန်းတန်ရပ်ကွက်၊ မာလာဦးဂိတ်ကို စစ်ကောင်စီတပ်များက ပိတ်ဆို့ထားစဥ် အများပြည်သူမှာ မာလာဦးဂိတ်မှ မသွားနိုင်တော့ဘဲ ရာအိမ်မှူးသိန်းလွင်အပိုင်လမ်းမှ ဖြတ်သွားရာတွင် ပြည်သူပိုင်ကုန်ပစ္စည်းများအား စစ်ကောင်စီအားကိုးဖြင့် မအဓမ္မဖမ်းဆီခြင်း၊ သိမ်းယူခြင်းများ ပြု့လုပ်ခဲ့ကြောင်း BAGO PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီရာအိမ်မှူးသိန်းလွင်မှာ စစ်ကောင်စီတပ်အားသတင်ပေးခြင်း၊ ပြည်သူလူထုအား အနိုင်ကျင့်ခြင်း ခြိမ်းခြောက်ခြင်းနှင့် စစ်ကောင်စီအလိုကျ တရားမဝင်ကျင်းပသောရွေးကောက်ပွဲအတွက် ပူးပေါင်း ဆောင်ရွက်ခြင်းများကြောင့် နန်ထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ် ၂ ချက်ဖြင့် ပစ်ခတ်ရှင်းလင်ခဲ့ခြင်း ဖြစ်ကြောင်း BAGO PDF အဖွဲ့က ဆိုသည်။