ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ချောင်းဝပိုင် ၂ လမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ချောင်းဝပိုင် ၂ လမ်းက ဈေးဆိုင်မှာ မနက် ၈ နာရီခွဲလောက်က စတင်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီကြာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘယ်ကစလောင်တယ်ဆိုတာတော့ သေချာမသိဘူး၊ ဈေးဆိုင်ဆိုတော့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေများ တာပေါ့၊ ဈေးဆိုင်ကတော့ ကုန်သွားတယ်၊ ဘေးလည်းကတော့ မီးဟပ်တာလောက်ပဲလောင်သွားတယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မီးလောင်မှုနဲ့ကြောင့် ဈေးဆိုင်နဲ့အတူ ဘေးချင်းကပ်အိပ် မီးလောင်ပျက်စီးတာတွေရှိခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ဈေးဆိုင်မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းအရာကို အတည်ကျမသိရသေးသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။