ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်

ဒီမိုကရေစီ အတိုက်အခံတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ အဆုံးသတ်စေမယ့် ကြိုးပမ်းမှုတစ်ခုအ ဖြစ် မြန်မာစစ်ကောင်စီကို အထီးကျန်ဆန်စေရေး တစ်နှစ်ကြာ အာဆီယံအလှည့်ကျဥက္ကဌရဲ့ အခန်းကဏ္ဍကို အ သုံးချဖို့ အင်ဒိုနီးရှားနိုင်ငံက ဖိအားပေးခံနေရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အိမ်နီးချင်းတိုင်းပြည်တွေရဲ့ သံတမန် အကာအကွယ်ပေးမှု ရရှိနေဆဲဖြစ်ပြီး ၂၀၂၁ ခု နှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း နှစ်နှစ်နီးပါးကြာ အကြမ်းဖက်မှုတွေ လျှော့ကျလာတဲ့ လက္ခဏာမရှိ တာကြောင့် ဒေသတွင်းတိုင်းပြည်တွေကြား မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်တစ်ရပ်ရရှိဖို့ စိန် ခေါ်မှုတွေရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာရှတိုက်မှာ အဆိုးရွားဆုံးနိုင်ငံတွေမှာ ပါဝင်တယ် လို့ မကြာသေးမီကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုမှာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ပြောပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ဒီမိုကရေစီ ပြန် လည်ရရှိရေး ဆန္ဒဖော်ထုတ်မှုကြောင့် လူ ၁၆၀၀၀ ခန့် တစ်ဖက်သတ် ထိန်းသိမ်းခံခဲ့ရတယ်လို အစီရင်ခံစာ ရေး သားသူတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေးဆန့်ကျင်သူတွေကို အာဏာသိမ်းစစ်ကောင်စီက နှိမ်နင်းဖို့ကြိုးစားပြီး စစ်တပ်ရဲ့ဖြိုခွင်းမှု သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခန့်မှန်းချေ အရပ်သား ၂၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ဆယ်စု နှစ်သုံးခုကြာ ရပ်ဆိုင်းခဲ့တဲ့ သေဒဏ်ကို စစ်ကောင်စီက ပြန်လည်ကျင့်သုံးခဲ့ပါတယ်။

မြန်မာ့အကျပ်အတည်းကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး အာဆီယံဥက္ကဌအာဏာကို အသုံးပြုဖို့ ကျွန်တော်တို့ အင်ဒိုနီးရှားနိုင်ငံကို တိုက်တွန်းပါတယ် လို့ HRW အာရှဆိုင်ရာ ညွှန်ကြားရေးမှူး အဲလိန်းပီးယား ဆင်က ဂျကာတာမြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အကြမ်းဖက်မှု ချက်ချင်း အဆုံးသတ်ရေး၊ အတိုက်အခံတွေနဲ့ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး၊ အာဆီ ယံဥက္ကဌကို အထူးကိုယ်စားလှယ်တစ်ဉီး ခန့်အပ်ခွင့်ပြုရေး အပါအဝင် အကျပ်အတည်းအဆုံးသတ်ရေး အချက်ငါး ချက်ပါ စီမံချက်တစ်ခုကို ၁၉၉၇ ခုနှစ် အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ်မှာ သဘောတူခဲ့ပါ တယ်။

ဒါပေမယ့် အာဏသိမ်းမှုနောက်ပိုင်း ဒေသတွင်း အဆင့်မြင့်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ် ပင်ခံထားရတဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေက ဒေသတွင်းနိုင်ငံတွေနဲ့ သဘောတူညီထားတဲ့ အချက်ငါးချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ စစ်ကောင်စီကို ဖိအားပေးရမယ်လို့ လေ့လာသူတွေ က ပြောပါတယ်။ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်ရဘူးဆိုတဲ့ အခြေခံမူကို သိပေမယ့် အင်ဒိုနီးရှားနိုင်ငံ က ဒီစိန်ခေါ်မှုကို ကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်မှန်းပါတယ် လို့ ပီးယားဆင်က ပြောပါတယ်။

မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အင်ဒိုနီးရှားနိုင်ငံက ဒီစိန်ခေါ်မှုကို ဖြေရှင်းမယ်လို့ နိုင်ငံခြားရေးဝန် ကြီး ရတ်နိုမာဆူဒီနဲ့ ကျွန်တော်က အမှန်တစ်ကယ် မျှော်လင့်ပါတယ် လို့ သူက ဆိုပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိဝီဒိုဒိုကလည်း မြန်မာနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီကို တွန်းလှန်မှုကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ဖို့ တာဆူနေပြီး မတည်ငြိမ်မှုတွေက ဒေသတွင်းကို အကျိုးသက်ရောက်ကာ အာဆီယံရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက် နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သမာသမတ်အကျဆုံး အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံဥက္ကဌကြောင့် မြန်မာနိုင်ငံ မှာ အာဏာသိမ်းမှုကနေ ပြည်တွင်းစစ်ကို ထိန်းနိုင်ဖို့ အာဆီယံရဲ့ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပါတယ် လို့ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါမောက္ခ သီတီနန်ပွန်ဆူဒီရတ်ခ်က ပြောပါတယ်။

အာဆီယံအဖွဲ့အတွင်း နိုင်ငံရေး သဘောထားကွဲလွဲမှုတွေကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ခိုင်မာတဲ့ ရပ်တည်ချက်တစ်ရပ်ရရှိဖို့ ခက်ခဲစေပါတယ်။

၂၀၁၄ ခုနှစ်မှာ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့တဲ့ ထိုင်းစစ်တပ်က မြန်မာနိုင်ငံနဲ့ ကောင်းမွန် သောဆက်ဆံရေးရရှိပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံကာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး စစ်ကောင်စီကို ဖိအားပေးခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံဟာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို မနှစ်က လက်ခံကျင်းပခဲ့ပါတယ်။ မြန်မာ နိုင်ငံအပေါ် ဖိအားပိုပေးဖို့ ထိုင်းအစိုးရရဲ့ ကြိုးပမ်းမှုတွေက အားရစရာမရှိပါဘူး လို့ HRW အာရှဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆင်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ မြန်မာ့အရေး ရပ်တည်ချက်က မတည်မငြိမ်ဖြစ်စေကာ မြန်မာနဲ့နယ်စပ်တစ်လျောက် ဒုက္ခ သည်တွေ စီးဝင်မှုသာဖြစ်စေပါတယ်။

မြန်မာနိုင်ငံပြိုလဲတာကို ထိုင်းနိုင်ငံက မမြင်တွေ့လိုပါဘူး။ မြန်မာ့အရေးရဲ့ သက်ရောက်မှုကို ထိုင်းနိုင်ငံ က အခံရဆုံးဖြစ်ပါလိမ့်မယ်။ ထိုင်းအစိုးရက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံဖို့ တိတ်တဆိတ်ဆက်ဆံတဲ့ သံခင် တမန်ခင်းကို အသုံးပြုနေပါတယ် လို့ ဗန်ကောက်အခြေစိုက် အာဆီယံရေးရာကျွမ်းကျင်သူ ကာဗီချောင်ကီတာ ဗွန်က ပြောပါတယ်။

မြန်မာ့အရေးဖြေရှင်းတာ မတိုးတက်လာရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အမြင်မှာ အာဆီယံကို ပိုပြီး ဘေးဖယ်ထားပါလိမ့်မယ် လို့ သူက ဆိုပါတယ်။
ကိုးကား – VOA

Ref; HRW Urge ASEAN Chair Indonesia to Pressure Myanmar on Violence