ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်
ကမ္ဘာ့နိုင်ငံ ၁၃ ခုမှ ကုမ္ပဏီတွေရဲ့ကျေးဇူးကြောင့် ကိုယ့်ပြည်သူကို သတ်ဖြတ်ရာမှာ အသုံးပြုဖို့ မြန်မာစစ် တပ်က လက်နက်အမျိုးမျိုး ထုတ်လုပ်နေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူဟောင်းတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီကို အထီးကျန်ဆန်စေဖို့ရည်ရွယ်တဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရှိ လင့်ကစား အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေဟာ မြန်မာစစ်တပ် လက်နက်အမျိုးမျိုးထုတ်လုပ်ဖို့ ကူညီနေတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်က စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်မှုတွေ လုပ်ဆောင်ရာမှာ ပြည်တွင်းဖြစ်လက်နက်တွေကို အသုံးပြုနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ကစဉ့်ကလျားအခြေအနေ ဖြစ်နေ တာပါ။ စစ်အုပ်ချုပ်ရေးကို တွန်းလှန်ဖို့ အတိုက်အခံတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပါ တယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအများအပြားက မြန်မာစစ်တပ်သို့ စစ်လက်နက်တွေ ဆက်လက်ရောင်းချနေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လက်နက်အမျိုးမျိုး ထုတ်လုပ်နိုင်ပါတယ် လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာစစ်တပ်သို့ ကုန်ကြမ်း၊ လေ့ကျင့်မှုနဲ့ စက်ကိရိယာ တွေ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရဲ့အမည်ကို အစီရင်ခံစာက ဖော်ပြခဲ့ပြီး ထုတ်လုပ်တဲ့စစ်လက်နက်တွေဟာ နယ်စပ်တွေကိုကာကွယ်ဖို့ မဟုတ်ဖူးလို့ ပြောပါတယ်။
ပြည်ပတိုင်းပြည်တစ်ခုက မြန်မာနိုင်ငံကို ဘယ်တော့မှ မတိုက်ခိုက်ခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံက ပြည်ပကို စစ်လက်နက် မတင်ပို့သလို ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း ကိုယ့်ပြည်သူတွေကိုသတ်ဖြတ်ရာမှာ ပြည်တွင်းထုတ် စစ် လက်နက်တွေကို အသုံးပြုခဲ့ပါတယ် လို့ အစီရင်ခံစာရေးသားသူတစ်ဉီးဖြစ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီ ရင်ခံစာတင်ပြသူဟောင်း ယန်ဟီးလီက ပြောပါတယ်။
တရားဝင် အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ် လို့ သိရပါတယ်။ တစ်ကယ့်သေဆုံးသူအရေအတွက်က ဆယ်ဆကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ခတ်အရေးယူမှု တွေ၊ နိုင်ငံတကာရဲ့ အထီးကျန်ထားမှုက စနိုက်ဘာရိုင်ဖယ်၊ လေယာဉ်ပစ်သေနတ်၊ ပခုံးထမ်းလောင်ချာ၊ လက်ပစ် ဗုံး၊ ဗုံးနဲ့ မြေမြှုပ်မိုင်းတွေ အပါအဝင် မြန်မာအာဏာရှင်တွေရဲ့ စစ်လက်နက်ထုတ်လုပ်မှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။
စစ်ကိုင်းတိုင်းဒေသကြီးမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။ စစ်တပ်က စာသင် ကျောင်းတစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာကြောင့် ကလေးငယ်အများအပြား သေဆုံး ခဲ့ပါတယ် လို့ အစီရင်ခံစာ ပူးတွဲရေးသားသူ ခရစ်ဆီဒိုတီက ပြောပါတယ်။
စစ်လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာအချို့ဟာ သြစတြီးယားနိုင်ငံမှလာတယ်လို့ ယုံကြည် ရပါတယ်။ သြစတြီးယားနိုင်ငံ GFM Steyr က ထုတ်လုပ်တဲ့ စက်ကိရိယာတွေကို သေနတ်ပြောင်းတွေ ထုတ်လုပ် ရာမှာ အသုံးပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီက ပြောပါတယ်။ အဲဒီစက်ကိရိယာတွေ ပြုပြင်ဖို့ လိုအပ်ပါက GFM Steyr မှ ပညာရှင်တွေရှိရာ ထိုင်ဝမ်သို့တင်ပို့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင်း အသုံးပြုမယ့် စက်ကိရိယာတွေအတွက် စက်ကိရိယာတွေကို ပြုပြင်ပေးရတယ်ဆိုတာ GFM Steyr မှ သြစတြီးယားပညာရှင်တွေ သတိထားမိခြင်းရှိ မရှိတော့ ရှင်းလင်းစွာ မသိရဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ဆယ်စုနှစ်ချီ နိုင်ငံတကာရဲ့ ဒဏခတ်အရေးယူမှု ခံထားရပေမယ့် အရေးယူမှုတွေက စစ်လက်နက်ထုတ်လုပ်မှုကိုတော့ မရပ်တန့်စေခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က စစ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံ ခြောက်ရုံသာရှိခဲ့ပေမယ့် ယခုအခါ လက်နက်စက်ရုံ ၂၅ ခုအထိ ရှိလာပါပြီ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်နက်စက်ရုံတွေကို ဒဏ်ခတ်အရေးယူမှုမပြုလုပ်ဘဲ နိုင်ငံတွေ၊ အ ဖွဲ့အစည်းတွေကိုသာ အရေးယူမှုပြုလုပ်ခဲ့ပါတယ်။ ကုမ္ပဏီတွေအတွက် ဒဏ်ခတ်အရေးယူမှုတွေကိုရှောင်ရှားဖို့ အလွန်လွယ်ကူပြီး ဒဏ်ခတ်အရေးယူခြင်းမခံရတဲ့ တိုင်းပြည်တွေက အခြားကုမ္ပဏီတွေ၊ မြန်မာကြားခံလူတွေနဲ့ ထိတွေ့ဆက်ဆံပြီး လုပ်ကိုင်ပါတယ် လို့ ခရစ်ဆီဒိုတီက ပြောပါတယ်။
မြန်မာနိုင်ငံက အခြားတိုင်းပြည်တွေကို စစ်လက်နက်တွေ တင်ပို့ပုံတော့မပေါ်ပါဘူး။ ဒါပေမယ့် မြန်မာစစ် တပ်ဟာ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ စစ်လက်နက်ပြပွဲမှာ လက်နက်အမျိုးမျိုး ထုတ်ဖော်ပြသခဲ့ပါ တယ်။
မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေအတွက် ဘဝတွေက မယုံကြည်နိုင်စရာ ကြမ်းတမ်းလွန်းပါတယ်။ မြန်မာနိုင်ငံဟာ ပြိုလဲတော့မယ့်နိုင်ငံတစ်ခုလို့ ထင်ပါတယ် လို့ လန်ဒန်မြို့တော်ရှိ Loughborough တက္ကသိုလ်မှ ကထိက ရိုနန်လီက ပြောပါတယ်။
မြန်မာပြည်သူတွေကို အရေးစိုက်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကတော့ ကိုယ့် ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ ထုတ်လုပ်လို့မရဘူးဆိုတာ မြန်မာစစ်တပ်ကို ပြောပြဖို့ဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။
ကိုးကား – BBC
Ref; Global firms help Myanmar’s military make weapons, says report