ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၈ ရက်
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၁၁ နှာရီဝန်းကျင်အချိန်က အကြီးစား ဒလန်တစ်ဦးကို ကာကွယ်ရေးအဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်းသတင်းရရှိသည်။
ပစ်ခတ်ခံရသူမှာ ချောက်မြို့မဈေးတွင် ဖိနပ်ဆိုင်ဖွင့်ထားသည့် ဘိုဘိုဆိုသူဖြစ်ပြီး ၎င်းဆိုင်ဖြစ်သော မြို့မဈေး အရှေ့ဘက်တိုက်တန်း မြတ်ရွှေအိုးဖိနပ်ဆိုင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသကာကွယ်ရေး အဖွဲ့ထံမှသိရသည်။
“သူတို့က သားအဖနှစ်ယောက်လုံးက စစ်ကောင်စီရဲ့ ထောက်တိုင်တွေပါ။ သူတို့က အရင်ကတည်းက ဆန္ဒပြ ပြည်သူတွေကို သတင်းပေးဖမ်းခိုင်း သူ့ကြောင့်အဖမ်းခံရတဲ့ ရှောင်ပြေးနေရတဲ့သူတွေ အများကြီးပဲ။ သူ့ကို ဒလန်အလုပ် ဆက်မလုပ်ဖို့ ကျတော်တို့က အကြိမ်ကြိမ် သတိပေးပေမယ့် မလိုက်နှာလို့ ခုလို ရှင်းပစ်ရတာပါ” ဟု ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ C.G.F အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ပေတ ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူတွေအနေနဲ့ နွေဦးတော်လှန်ရေးမြန်မြန်အောင်နိုင်ဖို့ရာ ကျရာ အခန်းကဏ္ဍကနေပြီး ပါဝင်အားဖြည့် ကူညီလှူဒါန်းပေးကြပါ၊ပြန်လည်ရွေးချယ်စရာမလိုတော့တဲ့ ရွေးကောက်ပွဲ ဆောင်ရွက်ချက်များကို လည်း ပြည်သူများက မပူးပေါင်းကြရန်နှင့်စစ်ကောင်စီအဖွဲ့များနှင့် ဝေး ဝေးမှနေပေးကြပါ၊ စစ်ကောင်စီ၏ဒေါက်တိုင်များကိုလဲ ထိရောက်စွာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်လက် ပြောဆိုသည်။
ဒါ့ပြင် ဒလန်ဖြစ်သူ ဘိုဘို အသတ်ခံရပြီးနောက် စစ်ကောင်စီအဖွဲ့များက ဈေးနှင့် မြို့အ၀င်အထွက် စစ်ဆေးမှုများတင်းကြပ်ကာ ချောက်မြို့အနော်ရထာတံတား ခေတ္တပိတ်ထားခြင်းကြောင့် ကားများတန်းစီစောင့်ဆိုင်းခဲ့ရကြောင်းဒေသခံများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကို Chuck Guerrilla Force နှင့်အတူ ပူးပေါင်းအဖွဲ့များဖြစ်သည့် Hunter Dragon Group၊ရေနံချောင်း ဖေကံကောင်း၊King Fighter (KF)၊Nway Oo FM(ထောက်ပို့)အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။