ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ကွာလာလမ်ပူမြို့တော်မှာကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့အတူ အာ ဆီယံ အလှည့်ကျဥက္ကဌ ၃ နိုင်ငံပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို သောကြာ နေ့မှာ ပြုလုပ်မယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ယနေ့ အောက်တိုဘာ ၂၄ ရက် နေ့လည်ပိုင်းမှာကျင်းပမယ့် အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံ တွင်း နောက်ဆုံးအခြေအနေတွေ၊ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းအတွက် အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်း သော၊ အားလုံးပါဝင်သော အဖြေရှာရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ကျွန်တော် ရှင်းပြပါ မယ်” လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့အတူ အာဆီယံ ထိပ်သီးဆွေးနွေးပွဲဆိုင်ရာ မီဒီယာရှင်းလင်း ပွဲမှာ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ယခုနှစ် အာဆီယံအဖွဲ့ရဲ့ ဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံဟာ ဖေဖော်ဝါရီလနဲ့ မေလအတွင်း မြန် မာသက်ဆိုင်သူတွေနဲ့ နှစ်ကြိမ် ထိတွေ့ဆက်ဆံခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုတွေထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ဘေးသင့်ပြည် သူတွေထံ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ခွင့်ပြုရေးတို့ ပါဝင်ခဲ့တယ်လို့ သူက ဆက်ပြောပါ တယ်။

ဒုတိယအကြိမ် တွေ့ဆုံမှုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပထမဆုံးအကြိမ် တိုက်ရိုက် ဆက် သွယ်မှုဖြစ်လို့ သမိုင်းမှတ်တိုင်တစ်ခုလို့ သူက ဆိုပါတယ်။

မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်နဲ့ အဆင့်သုံးဆင့် ပြုလုပ်သွားမယ်လို့ မိုဟာမက်ဟတ်ဆန်က ရှင်းပြပါတယ်။

“အာဆီယံအဖွဲ့ဝင်တွေနဲ့ မလေးရှား ရွေးကောက်ပွဲကော်မရှင်ထံ မြန်မာရွေးကောက်ပွဲ စောင့် ကြည့်လေ့လာဖို့ ဖိတ်ကြားထားပေမယ့် အရင်ဆုံး အာဆီယံအဖွဲ့တွင်း စုပေါင်း ဆုံးဖြတ်ပါမယ်” လို့ သူ က ပြောပါတယ်။

ကိုးကား – Bernama