ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်

ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာ လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅) ယနေ့ ဇန်နဝါ ရီလ ၁၇ ရက် နေ့လည် ၁၂ နာရီခန့်က ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရှိရသည်။

ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅)တွင် အမျိုး သား ၁ ဦးမှ ဓားနှင့် သေနတ်တုပြ၍ ဓားပြတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆို သည်။

“ကျွန်တော်တို့က ဘဏ်ထဲက အဲဒီလူပြေးထွက်လာတာတွေ့တယ်။ သူနောက်က ဘဏ်လုံခြုံရေးရောပြေး လိုက်လာတော့ သူခိုးပဲဆိုပြီး ဝိုင်းလိုက်ကြတာ။ မိသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီးခေါ်သွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါဓားပြတိုက်လုယက်သူသည် သက်ပိုင်ကျော်ဆိုသူဖြစ်ပြီး သေနတ်အတုတစ်လက်နှင့် ဓားမြှောင် ပြသ၍ ဘဏ်ကောင်တာမှ ငွေကျပ် သိန်း ၁၉၀ ကိုယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ပြည်မြန်မာဂျာနယ်ပို့ဆောင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောသည်။

၎င်းသည် ဒီဇင်ဘာ ၁၉ ရက်နေ့ လမ်းမတော်မြို့နယ်ရှိ ဧရာ၀တီဘဏ်ခွဲ (၃၇)ကို ဓားပြပြီး ကျပ်သိန်း ၁၀၀ လုယက်ခဲ့သူဖြစ်ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်များက ပြောဆိုသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု၍ မရသေးပေ။

#ရန်ကုန် #ဆိပ်ကမ်းသာ #KBZ #ဓားပြတိုက် #ပြည်သူ #ဝိုင်းဝန်းဖမ်းဆီး
#Ayeyarwaddy_Times