ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ကောင်စီဂိတ်များကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ၁၃ရက်နေ့ နှင့် ဇန်နဝါရီလ ၁၆ရက်နေ့များတွင် ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ယောက်သေဆုံးပြီး အများပြားဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။
ဇန်နဝါရီလ(၁၃)ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အရာတော်မြို့ အနောက်ဘက် အထွက်လမ်းမပေါ် စက်မှုလယ်ယာရှိ အင်အား၂၀ ခန့်ရှိသော စစ်ကောင်စီဂိတ်နှင့် ဇန်နဝါရီ ၁၆ရက်နေ့ ညနေ ၄နှာရီ ဝန်းကျင်တွင် အရာတော်မြို့နယ်၊ ဖားအောက်တောကျေးရွာ တွင်တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိသော စစ်ကောင်စီဂိတ် များကို ဒေသကာကွယ်ရေး ပူးပေါင်း အဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDFအဖွဲ့ထံမှသိရသည်။
“ကျွန်တော်တို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့က ၁၃ ရက်နေ့ မစ်ရှင်မှာ သူတို့ဘက်က ၃ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်။ ၁၆ ရက်နေ့မစ်ရှင်မှာ လေက အရမ်းတိုက်ခက်တာကြောင့် ပစ်မှတ်လွဲသွားတော့ သူတို့ဘက်က တစ်ယောက်တော့ ဒဏ်ရာ ပြင်းထန်ရတယ်လို့ပဲသိရတယ်။ ပြီးတော့ သူတို့ဘက်က လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းတာတွေ လုပ်ကြတယ်။ ၁၃ရက်နေ့က ကျတော်တို့တိုက်ခိုက်ပြီးတဲ့ အချိန်မှာ လမ်းက လူငယ်လေး ၂ယောက်ကို ဒူးထောက်ပြီး လက်နောက်ပစ်ထားပြီး ဖမ်းထားတာတွေလုပ်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သူတို့နဲ့ နီးတဲ့နေရာတွေ သတိထားပြီး သွားလာကြပါ။ ကျွန်တော်တို့ ကာကွယ်ရေး အဖွဲ့တွေကိုလည်း နောက်ထပ် မစ်ရှင်တွေ များများလုပ်နိုင်အောင် ဝိုင်းဝန်းကူညီကြပါဦး”ဟု Danger Force – LPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုများမှာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် Danger Force LPDF၊Ngwe Dwin Revolution၊Force(NDRF)၊Zero ပြောက်ကျားတပ်ဖွဲ့၊IBEX တပ်ဖွဲ့ အရာတော် ပကဖ တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ပြီး၊ဇန်နဝါရီ၁၆ရက်နေ့တွင် Danger Force LPDF
Ngwe Dwin Revolution Force (NDRF)၊MRTF တပ်ဖွဲ့၊သပြေညို ပြောက်ကျားတပ်ဖွဲ့ မိုင်းမင်းသား မြေအောက်ပျောက်ကျားတပ်ဖွဲ့တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။