ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်
လူသတ်မှုစွဲချက်တွေနဲ့ တရားစွဲဆိုခံရပြီးနောက် နှစ် ၃၀ ကြာ ပုန်းရှောင်နေခဲ့တဲ့ မာဖီးယားဂိုဏ်းခေါင်း ဆောင်တစ်ဉီးကို အီတလီရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက် ၆၀ နှစ်အရွယ် မာဖီးယားဂိုဏ်းခေါင်းဆောင်လို့ဆိုသူ မတ်တီယိုမက်ဆီနာကို မနေ့က အီတလီ တောင်ပိုင်း ဆစ္စလီကျွန်းပေါ်က ပါလာမြို့ရှိ ဆေးခန်းတစ်ခန်းမှာ ဖမ်းဆီးမိခဲ့တာပါ။ မတ်တီယိုမက်ဆီနာဟာ အဲဒီ ဆေးခန်းမှာ ဆေးကုသမှုခံယူနေတာလို့ သိရပါတယ်။
အစိုးရရှေ့နေနှစ်ဉီး သတ်ဖြတ်ခံရမှုမှာ စီစဉ်ညွှန်ကြားခဲ့မှု အပါအဝင် အခြားစွဲချက်တွေကြောင့် မတ်တီယို မက်ဆီနာကို လူသတ်မှုနဲ့ မျက်ကွယ်မှာ တရားစီရင်ခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။
မာဖီးယားဂိုဏ်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုကို ဉီးဆောင်ခဲ့တဲ့ အစိုးရ ရှေ့နေနှစ်ဉီး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
မတ်တီယိုမက်ဆီနာဟာ ဆယ်စုနှစ်သုံးခုကြာ ဖမ်းဆီးရန်ကြိုးပမ်းမှုကို ပုန်းရှောင်ခဲ့ပါတယ်။ အီတလီနိုင်ငံ ရဲ့ အလိုရှိဆုံး တရားခံပြေးတစ်ဉီးဖြစ်တဲ့ သူ့ကိုခြေရာခံဖို့ ရဲတပ်ဖွဲ့က ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။
“အီတလီနိုင်ငံအတွက် မဟာအောင်ပွဲတစ်ခုဖြစ်ပြီး မာဖီးယားဂိုဏ်းကို ရင်ဆိုင်ရာမှာ မစွန့်လွှတ်ဖူးဆိုတာ ပြသတာပဲဖြစ်ပါတယ်” လို့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက မတ်တီယိုမက်ဆီနာကို ဖမ်းဆီးရမိတဲ့ သ တင်းတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။