ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြေသန့်ကောင်ရွာမှ သတင်းပေး ဒလန်ဟုဆိုသူ အောင်သူဝင်းအား ပုဂံပြည်ဘီလူးအဖွဲ့မှ ဇန်နဝါရီလ ၁၅ ရက် ညနေ ၆ နာရီခွဲအချိန်တွင် ပုဂံပြည်ဘီလူးအဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြေသန့်ကောင်ရွာရှိ ပြည်သူများနှင့် CDM ဝန်ထမ်းများအားစစ်တပ်ကိုသတင်းပေးခြင်း ခြိမ်းခြောက်ငွေတောင်းခြင်း၊ ၄င်းနှင့်မတည့်သူများအား PDF ဟုစွပ်စွဲကာ စစ်ကောင်စီထံ သတင်းပေးနေမှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအား BAGAN OGRE Force အဖွဲ့မှ အကြိမ်ကြိမ်သတိပေးထားသော်လည်း ဂရုမစိုက်ပဲဆက်လက်လုပ်ကိုင်နေသဖြင့် ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း BAGAN OGRE Force အဖွဲ့က ဆိုသည်။

BAGAN OGRE Force အဖွဲ့မှလည်း ၂၀၂၃ ခုနှစ် စစ်ကောက်စီမှ ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအားပါဝင်ပြီအားပေးအားမြှောက်ပြု့သူများကိုလည်း ထိရောက်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်းဘသတိပေးချက်ထုတ်ပြန်ထားသည်။