ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ခရီးသည်တင်မှန်လုံးကားတစ်စီး လမ်းဘေးမြောင်းထဲ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြန်အောင် – ဟင်္သာကားလမ်းပေါ် ရိုးမမောင် ခရီးသည်တင်မှန်လုံးကားဟာ ခတ္တိယ- အန်းကုန်းကျေးရွာ တံတားနားအရောက်မှာ လမ်းဘေးမြောင်းထဲ ထိုးကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဒဏ်ရာရတဲ့သူတွေတော့ ရှိတယ်ဗျ၊ အရေအတွက်တော့ သေချာမသိလိုက်ဘူး၊ သေတာမျိုးတော့မရှိပါဘူး” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယာဉ်မြောင်းထဲထိုးကျမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေကို ဒေသခံပရဟိတအသင်းအဖွဲ့ရဲ့ အရေးပေါ်တင် ယာဉ်တွေနဲ့ အင်ပင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ခရီးသည်တင်ကား လမ်းဘေးမြောင်းထဲ ထိုးကျရတဲ့အကြောင်းအရင်ကိုတော့ အတည်ကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

#မြန်အောင် #ခရီးသည်တင်မှန်လုံကား #မြောင်းထဲထိုးကျ
#Ayeyarwaddy_Times