ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် PDF ပူပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ထနောင်ကုန်းကျေးရွာအနီးသစ်ပင်အောက်တွင် အုပ်စုဖွဲ့ထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအပေါ် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့၌ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Zamani Revolutin Force MMU Myaung အဖွဲ့ထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့အပေါ်သို့ ငါန်းဇွန် PDF မဟာမိတ်ပူးပေါင်းအဖွဲ့များမှ MRA အဖွဲ့မှ ထုတ်လုပ်သော အီနာဂါဗုံးသီးသုံးပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သောကြောင့်စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာပြင်ထန်စွာရရှိခဲ့ကြောင်း Zamani Revolutin Force MMU Myaungအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ပူပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့်အချက်ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များထိခိုက်မှု့တစ်စုံတစ်ရာမှမရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများအား ဒရုန်ဖြင့်တိုက်ခိုက်မှုကို ပူပေါင်း PDFမဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်သည် Zamani Revolutin Force MMU Myaung ၊ T. G. R Women Drone Force ၊ ဒေါင်းဖိုက်တာ NZN PDF ၊ Nway Oo Takhon PDF ဇီးရိုးပြောက်ကျားတပ်ရင်း ၇ တပ်ခွဲး ၁ ငါန်းဇွန် မီးနဂါး Myaung _ revolution _army M. R. A တပ်ဖွဲ့တို့မှပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ စစ်ကောင်စီဘက်မှ ဒရုန်းဖျက်စက် ဂျန်မာ တပ်ထားသဖြင့် ဒရုန်းဖြင့် တစ်ကြိမ်းသာ တိုက်ခိုက်ခဲ့ရကြောင်းZamani Revolutin Force MMU Myaungအဖွဲ့ထံမှသိရသည်။