ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၇/အနောက်ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ယနေ့ ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း မြို့နယ်နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ပစ်သတ်ခံရသူမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးထွန်းဝင်းဆိုသူဖြစ်ပြီး သာကေတမြို့နယ် အရက်ဆိုင်ကွေ့ကား မှတ်တိုင်အနီး လမ်းလျှောက်လာစဉ် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ် ကြောင်း သိရှိရသည်။
“သူက ရပ်ကွက်ထဲမှာ လူမိုက်။ သူ့အကိုကလည်း လူမိုက်အကြီးစားပေါ့ဗျာ။ သာကေတကဒလန်အရမ်းပေါတာ။ လူမိုက်တွေကြီးစိုးတဲ့ နယ်မြေလို့လည်းပြောလို့ရတယ်”ဟု သာကေတ မြို့နယ်နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုကို မည်သည့်အဖွဲ့မှပြု လုပ်သည်ကို အတည် ပြု၍မရသေးဘဲ စစ်ကောင်စီအဖွဲ့များမှလည်း အလောင်းအားလာရောက် သယ်ဆောင်သွားပြီး ရပ် ကွက်အတွင်း စစ်ဆေးမှုများကို လုပ်ဆောင်ခြင်းမရှိ ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ နံနက် ၆ နာရီ၀န်းကျင်အချိန်ခန့်ကလည်း သာကေတမြို့နယ်ရှိ ၁၀/တောင် ၁၄ ရပ်ကွက်မှ ရာအိမ်မှူး ထွန်းထွန်းဦးဆိုသူလည်း ပစ် ခတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။