ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကန်ပတ်လမ်းမှာ မနေ့က ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သစ်သားလူနေအဆောင်တစ်လုံး မီးလောင်ဆုံးရူံးခဲ့တယ်လို့ သိရပါတယ်။

“ညကမီးခိုးညှော်တော့ ထွက်ကြည့်တာ မီးကမနည်း လောင်နေပြီ။ စလောင်တဲ့ အဆောင်လေးက လူမနေတာကြာပြီ။ သစ်သားတွေဆိုတော့ မီးလောင်အားကတအားကောင်းတာဝါယာရှော့လို့တော့ထင်တာပဲ”လို့ ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မနေ့ညက မီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေ ဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် ၁၀မိနစ်အတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မြို့ခံဆိုပါတယ်။

ယခုမီးလောင်မှုမှာ ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့မှာ၂၀၂၃ခုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
#ပုသိမ် #ကန်ပတ်လမ်း #မီးလောင် #သစ်သားအဆောင်
#Ayeyarwaddy_Times