ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ ဇန်နဝါရီလ ၁၆ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်က စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့်အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ထံမှ သိရသည်။
ကန်တော်ကျေးရွာအနီး လမ်းသွားလမ်းလာများအား စစ်ဆေးနေသည့် အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် အီနာဂါ ၁၀ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ တပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
“သူတို့ကပြည်သူတွေ၊ ကားတွေကိုစစ်ဆေးနေတာ၊ သူတို့နေတဲ့အဆောင်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်၊ တိုက်ခိုက်တာနဲ့ထွက်ပြေး ကုန်ကျတယ်၊ ထိတဲ့ထဲက ၇ယောကျဒဏျရာရတယျဆိုပွီးသိရတာ၊ နောက် တော့ အဲ့ဒီထဲက ၃ ယောက်သေတယ်၊ ၄ယောက်ဒဏ် ရာရတယ်ဆိုပြီးထပ်သိရတယ်၊ ဒရုန်းတဲ့တိုက်ခိုက်တာသေတော့ လန့်ပြီးထွက်ပြေးကြတာ သေနတ်တစ်လက်လဲကျန်ခဲ့တယ်”ဟု မြိုင်(ပကဖ)တာဝန်ခံ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများအား စုံစမ်းစဉ် စစ်ကောင်စီတပ်သားများထွက်ပြေးစဉ် ကျန်ခဲ့သည့် MA-1 သေနတ်တစ်လက်နှင့် ကျည် ၂၅ တောင့်သိမ်း ဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ပေါက်မြို့နယ်တွင် မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားရှင်းရန်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းနင်းမိသည့်အပြင် ပေပါမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် တပ်သား ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း သိရပါသည်။
ဓာတ်ပုံ – တိုက်ခိုက်မှုပြီးနောက် သိမ်းဆည်းရမိသည့် MA – 1 သေနတ်။