Ukainian President Volodymyr Zelensky stands in the town of Bucha, northwest of the Ukrainian capital Kyiv, on April 4, 2022. – Ukraine’s President Volodymyr Zelensky said on April 3, 2022 the Russian leadership was responsible for civilian killings in Bucha, outside Kyiv, where bodies were found lying in the street after the town was retaken by the Ukrainian army. (Photo by RONALDO SCHEMIDT / AFP) (Photo by RONALDO SCHEMIDT/AFP via Getty Images)

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Dnipropetrovsk ဒေသက လူနေအဆောက်အအုံတစ်လုံးကို ရုရှားတပ်ဖွဲ့က ဒုံး ကျည်နဲ့တိုက်ခိုက်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မိန်းခလေးငယ်တစ်ဉီး အပါအဝင် လူ ၃၀ ဉီး သေဆုံးခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။

Dnipro မြို့တော် ကိုးထပ်လူနေအဆောက်အအုံ တိုက်ခိုက်ခံရမှုမှာ လူ ၇၃ ဉီး ဒဏ်ရာရရှိခဲ့ပြီး ၃၀ ဉီး ပျောက်ဆုံးနေတယ်လို့ ဇီလန်စကီးက မနေ့က ပြောပါတယ်။

အခုတိုက်ခိုက်မှုဟာ ကိယက်ဗ်မြို့တော်နဲ့ ယူကရိန်းနိုင်ငံရှိ အခြားဒေသတွေအပေါ် ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံး ကျည်တိုက်ခိုက်မှု တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။

ယူကရိန်းစစ်ဘက်ကွပ်ကဲရေးဌာနချုပ်နဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ ပြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒိုးနက်စ်ဒေသအနီး ဆိုလီဒါမြို့ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မကြာသေးမီက ကြေညာချက်နဲ့ပတ်သက်ပြီး သမ္မတ ဗလာဒီမာပူတင်က နိုင်ငံပိုင်ရုပ်သံဌာနနဲ့ မကြာသေးမီက အင်တာဗျူးခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဉီးစီးချုပ်ရုံးရဲ့ စီမံချက်နဲ့အတူ အခြေအနေ တိုးတက်လာတယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်အထိ အိမ်နီးချင်း မဟာမိတ်တစ်ခုဖြစ်တဲ့ ဘီ လာရုစ်နိုင်ငံနဲ့ ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဘီလာရုစ်နိုင်ငံကလည်း ယူကရိန်း နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

ရုရှားနိုင်ငံက ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဟန်ဆောင်ကာ ဘီလာရုစ်နိုင်ငံမှာ လေကြောင်းအင် အား တိုးချဲ့တည်ဆောက်နေတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ဘီလာရုစ်နိုင်ငံရဲ့ ဒုံးကျည်ခြိမ်းခြောက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာတယ်လို့ ယူက ရိန်းနိုင်ငံက သတိပေးပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: 30 killed in Russian missile strike on apartment tower