ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၆ ရက်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင် ၁ ရပ်ကွက်၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ဇန်န ဝါရီ လ ၁၅ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် နေအိမ်အတွင်းဝင်ရောက်ရှင်းလင်းခဲ့ကြောင်း STF-MDY အဖွဲ့ထံမှ သိရသည်။
ပစ်သတ်ခံရသူမှာ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးစော ဆိုသူ ဖြစ်ပြီး ၄င်းနေထိုင်ရာ ၆၉ လမ်း ဒီ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ဗောဓိကုန်းအရှေ့ရပ်ကွက်နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ကြောင်း STF-MDYအဖွဲ့တာဝန်ခံကပြောသည်။
STF – MDY အနေဖြင့် မန္တလေးမြို့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအားလုံး ၁ လအတွင်း နှုတ်ထွက်ကြရန် ဒီဇင်ဘာလ ၁၇ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိသည့်အတွက် အုပ်ချုပ်ရေးမှူးများအား ယမန်နေ့မှ စတင်၍ ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့ မန္တလေးမြို့မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ပေးဖို့ ဒီဇင်ဘာလ ၁၇ရက်နေ့က စာထုတ်ပြန်ထားပြီးသားပါ၊သူတို့က လိုက်နာမှုမရှိလို့ အခုလိုစပြီး ရှင်းလင်းရတာပါ၊ကျတော်တို့မှာ ကျန်တဲ့အုပ်ကြီးစာရင်းတွေ အချက်လက်တွေ ရထားပြီးပါပြီ ၊မထွက်တဲ့အုပ်ချုပ်ရေးမှူးတွေကိုလည်း ဘာမှပြောမနေပါဘူး။ ကျနော်တို့ သတိပေးထားတဲ့အချိန်ကုန်သွားပြီ၊ သူတို့ဘက်က ဆက်လက်နေဦးမယ်ဆိုရင် အခု အုပ်ကြီး ဦးစော လို ရာသက်ပန်အနားပေးမယ်” ဟု STF-MDYအဖွဲ့တာဝန်ခံ ဗိုလ်အနိစ္စ ကဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူများအနေဖြင့်လည်း နောက်ထပ်မစ်ရှင်များများဖော်ဆောင်နိုင်ရေး တတ်နိုင်သလောက် ဝိုင်း ဝန်းကူညီပေးကြရန်လည်း ဗိုလ်အနိစ္စ ကဆက်လက်ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးစစ်ကောင်စီဘက်က စစ်ကား ၁ စီးနှင့် အိမ်စီးကား ၁ စီး ရောက်ရှိလာပြီး ရပ်ကွက်အတွင်း နှင့် လမ်းများတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။