ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

ရုရှားတပ်ဖွဲ့တွေကို ပြန်လည်တိုက်ထုတ်ရာမှာ ကူညီဖို့ ဗြိတိန်က ယူကရိန်းသို့ တင့်ကားတွေ ထောက်ပံ့ မယ်လို့ ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်က ကတိပြုလိုက်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ မနေ့ကမနက်ပိုင်းက ဖုန်းပြောဆိုချိန်မှာ ဆူနတ်ခ်က အခုလို ကတိပြုခဲ့ တာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။

ယူကရိန်းသို့ ပံ့ပိုးကူညီမှု အရှိန်မြှင့်တင်တဲ့ လက္ခဏာတစ်ခုအဖြစ် ဝန်ကြီးချုပ် ဆူနတ်ခ်က Challenger 2 တင့်ကားတွေ၊ အမြောက်စနစ်တွေ ပေးပို့ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ် ဉီးက ပြောပါတယ်။

တင့်ကားတွေပေးပို့မယ့် ဆုံးဖြတ်ချက်အတွက် ဗြိတိန်ကို ကျေးဇူးတင်ရှိပြီ အခုလိုကူညီတာ စစ်မြေပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေကို အင်အားတိုးစေယုံသာမက အခြားမိတ်ဖက်တွေကိုလည်း အချက်ပေးလိုက်တာလို့ ဇီလန် စကီးက တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့တာပါတယ်။

ဗြိတိန်ဟာ ယူကရိန်းသို့ တိုက်ပွဲဝင်တင့်ကားတွေထောက်ပံ့တဲ့ ပထမဆုံးသော အနောက်အင်အားကြီးနိုင် ငံ ဖြစ်လာစေမှာဖြစ်ပါတယ်။

နွေဉီးထိုးစစ်မစတင်မီ တင့်ကားတွေကို ဘယ်လိုအသုံးပြုရတယ်ဆိုတာ ယူကရိန်းစစ်သားတွေကို လေ့ ကျင့်ပေးရမယ်လို့ ဗြိတိန်အစိုးရ အတွင်းသတင်းတွေက ဆိုပါတယ်။

ဆူနတ်ခ်နဲ့ ဇီလန်စကီးက Leopard တင့်ကားတွေ ထောက်ပံ့မယ့် ပိုလန်နိုင်ငံရဲ့ ကမ်းလှမ်းမှုအပါအဝင် နိုင်ငံတကာက ယူကရိန်းသို့ စစ်ရေးအကူအညီပေးအပ်မယ့် ကတိကဝတ်တွေကို ကြိုဆိုခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ရာသီဉတု နွေးလာပြီး ယူကရိန်းမြေ ခြောက်သွေ့လာတာကြောင့် ယူကရိန်းနဲ့ရုရှားက နွေဉီးထိုးစစ်ဆင်မှု ပြုလုပ်ဖို့ အရှိန်မြှင့်နေကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီလမတိုင်မီ တပ်ဖွဲ့ဝင်ငါးသိန်း ရှေ့တန်းသို့ ပို့နိုင်တယ်ဆိုတဲ့သတင်း တွေကြောင့် ယူကရိန်းနိုင်ငံမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

အမေရိကန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့ကလည်း ယူကရိန်းသို့ သံချပ်ကာယာဉ်တွေ၊ တိုက်ပွဲဝင်တင့်ကား တွေနဲ့ အမြောက်ကြီးတွေ ပေးပို့မယ်လို့ ကတိပြုခဲ့ပါတယ်။

ကိုးကား – Independent
Ref; Sunak offers Ukraine British Challenger 2 tanks to help push back Russian troops