ဧရာဝတီတိုင်းမ်
(ရေး)၊ ဇန်နဝါရီလ ၁၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာတွင်နေထိုင်သည့် စစ်တပ်သတင်းပေးဆိုသူ ၁ ဦးကို ယ မန်နေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လည် ၁၂ နာရီဝန်း ကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Ye Guriella Force အဖွဲ့ထံကသိရသည်။
ပစ်သတ်ခံရသူဟာ မော့ကနင်ရွာအခြေစိုက် ခလရ ၁၀၆ တပ်ရင်းအနီး နေထိုင်ပြီး တပ်သတင်းပေးလုပ်နေသည့် စစ်မှုထမ်းဟောင်း ကိုရခိုင်ဆိုသူဖြစ်ပြီး ဖမ်း ဆီးလာစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း အဖွဲ့ဝင်တာဝန်ခံကပြောသည်။
“သူ့ကို ဖမ်းဆီးခဲ့တာက သူ့ဆီကနေစစ်ကောင်စီရဲ့သတင်းအချက်အလက်တွေလိုချင်လို့ဖမ်းခဲ့တာပါ၊ သူကစစ်ကောင်စီထောက်လှမ်းရေးတစ်ယောက်၊ လမ်းမှာလက်နက်လုပြီး ပြန်ခုခံလို့ပစ်ခတ်ရှင်းလင်းခဲ့တာပါ”ဟု Ye Guerrilla Forceအဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ သတင်းပေးဒလန်ကိုရခိုင်ဆိုသူမှာ ဒေသခံများအပေါ် ခြိမ်းခြောက်ခြင်းများလည်းရှိပြီး ၎င်းထံမှ လက်လုပ်ပစ္စတို ၁ လက်၊ လက်ထိပ် ၁ စုံ၊ ဓားတို ၁ ချောင်း၊ ဓားရှည် ၁ ချောင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒု-ရဲမှူး လှိုင်မင်းသန့်အား Ye Guerrilla Forceအဖွဲ့မှ အဝေးထိန်းမိုင်းဖြင့်မိုင်းထောင်ရှင်းလင်းခဲ့ကြောင်းသိရသည်။