ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရဲ့ စည်ကားတဲ့ပွဲတော်တစ်ခုမှာပါ၀င်တဲ့ နိဂြောဓာဗျာဒိတ်ပေးဘုရား ဒေသအခေါ်ရှမ်းကုန်သည်လှည့်လည်ပွဲကို ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မြို့တွင်း၌ လှည့်လည်ခဲ့တယ်လို့ သိရပါတယ်။
နိဂြောဓာဗျာဒိတ်ပေးဘုရားလှည့်လည်ပွဲ (ဒေသအခေါ်ရှမ်းကုန်သည်လှည့်လည်ပွဲ)မှာ ကိုဗစ်မဖြစ်ခင် နှစ်တွေကလို မြို့ခံတွေ ပူးပေါင်းပါဝင်မှုအားနည်းတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“အရင်ကဆို ကမ်းနားလမ်းကနေ ကုန်သည်လမ်းကို ဘုရားရောက်ဖို့ ၆ နာရီလောက်ကြာတယ်။ လမ်းမှာ အိမ်တွေကဗျာဒိတ်ခံယူတာတွေ နဲ့ အကအခုန်ကားတွေနဲ့ အရမ်းစည်တာခုကတော့ အဖြစ်လှည့်တာပဲရှိတော့တယ်အမြန်မောင်းကြတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ယခင်က ပုသိမ်မြို့မှာ အစည်ကားဆုံးပွဲတော်တစ်ဖြစ်ခဲ့ပြီး ဘုရားနဲ့ ရဟန္တာရုပ်ထု တင်ဆောင်တဲ့ကား ၁၀၀ ကျော်၊ဖျော်ဖြေရေးကား ၃၀ ကျော်၊ ရှမ်းကုန်သည်ပုံစံလှည့်လည်တဲ့ နွားလှည်းအလှယာဥ် ၅၀ ကျော်အပြင်လမ်းတစ်လျောက်မှာ မြို့ခံတွေရဲ့ စတုဒီသာကျွေးမွေးတာတွေနဲ့စည်ကားစွာလှည့်လှည်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့လှည့်လည်မှုမှာတော့ ကားအစီးရေ၅၀ကျော် နဲ့ နွားလှည်း အနည်းငယ်သာပါ၀င်ခဲ့ပြီး အမြန်မောင်းကာ လှည့်လည်သွားတာကြောင့် အရင်က ညနေပိုင်းမှ ရောက်တဲ့နေရာတွေကို ယခုမနက်ပိုင်းထဲကရောက်ရှိနေတယ်လို့သွားရောက်ကြည့်ရူတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
နိဂြောဓာဗျာဒိတ်ပေးဘုရားလှည့်လည်ပွဲ (ဒေသအခေါ်ရှမ်းကုန်သည်လှည့်လည်ပွဲ)ဟာ ကိုဗစ်မဖြစ်ခင်ကာလမှာ ပုသိမ်မြို့ရဲ့ အစည်းကားဆုံးပွဲတော်တစ်ခုဖြစ်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လူစည်ကားစေဖို့ ပြန်လည်ကျင်းပခဲ့မှုတာဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ပြောဆိုထားပါတယ်။