ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံး နှစ်နိုင်ငံနယ်နိမိတ်ဖြစ်တဲ့ Tiau မြစ်အ တွင်း ကျရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ မော်တော်ယာဉ်တစ်စင်း ပျက်စီးခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်ရှိ သြဇာ ကြီးမားသော လူငယ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မီဇိုလူငယ်အသင်း (YMA) က ပြောကြားပါတယ်။

မြန်မာစစ်တပ်က ဒီသီတင်းပတ်အတွင်း အိန္ဒိယပိုင်နက်အတွင်း ဗုံးကြဲခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် နေစဉ် ဗုံးဆံတွေ နှစ်နိုင်ငံနယ်စပ်ပေါ် ကျရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ကားတစ်စင်း ပျက်စီးခဲ့တယ်လို့ ချမ်ဖိုင် ခရိုင် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၅၁၀ နယ်နိမိတ်ချင်း ထိ စပ်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးဆံတွေ နှစ်နိုင်ငံကြား နယ်နိမိတ်ဖြစ်တဲ့ Tiau မြစ်အ တွင်း ကျရောက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့ခဲ့ပါတယ် လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဂျိမ်းလာရင်ချန်နာက ပြောပါတယ်။

မြန်မာစစ်တပ်က ဇန်နဝါရီလ ၁၀ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ချင်းအမျိုးသားတပ်ဉီး (CNF) ဌာန ချုပ် Camp Victoria ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချန်ဖိုင်ခရိုင်တစ်လျှောက် အိန္ဒိယနယ်စပ်နဲ့ အလွန်ကို နီးကပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယဘက်ခြမ်းကို ဗုံးတွေ ကျရောက်ခဲ့ခြင်းမရှိသလို မော်တော်ကားလည်း ထိခိုက်ခဲ့ခြင်းမရှိဘူးလို့ အစောပိုင်းမှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ရင်းက ငြင်းဆန်ခဲ့ပါတယ်။

ဗုံးဆံကြောင့် Tiau မြစ်အတွင်းမှ သဲထုတ်ယူနေတဲ့ ထရပ်ကားတစ်စင်း အနည်းငယ် ပျက်စီးခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဝန်ခံခဲ့ပါတယ်။

ကျွန်တော်တို့ နယ်စပ်ကို အနီးကပ် စောင့်ကြည့်နေပေမယ့် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံမှနေ ထွက်ပြေးလာသူတွေ အိန္ဒိယဘက်ခြမ်းကို ဝင်ရောက်တာမရှိပါဘူး လို့ ဂျိမ်းလာရင်ချန် နာက ပြောပါတယ်။

အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကျေးရွာတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးမှုတွေ ကြောင့် မြန်မာနိုင်ငံမှထွက်ပြေးလာတဲ့ ဒုက္ခသည် ၃၀၀၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်က လက်ခံထားပါတယ်။

ကိုးကား – Hindustan Times
Ref; Shrapnel from Myanmar bomb found on Indian side: Mizoram officials