ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်

ကြိုတင်ကာကွယ်ရေး အစီအမံတွေ ဖြေလျှော့ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၀၀၀ နီး ပါး သေဆုံးခဲ့တယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၈ ရက်နဲ့ ဇန်နဝါရီလ ၁၂ ရက်ကြား ကိုဗစ်လူနာ ၅၉၉၃၈ ဉီး ဆေးရုံတွေမှာ သေဆုံးခဲ့တယ် လို့ တရုတ် ကျန်းမာရေးအာဏာပိုင်တွေက သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

အလားတူကာလအတွင်း ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၃၈ ဉီးသာ ရှိခဲ့တယ်လို့ တရုတ်အစိုးရက အစောပိုင်း မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်မူဝါဒ တစ်ဖြည်းဖြည်း အဆုံးသတ်ကာ ဒီဇင်ဘာလ ၇ ရက်မှာ ကန့်သတ်ချက်တွေ ဖြေလျှော့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။

သေဆုံးခဲ့သူတွေထဲမှ ရောဂါအခံရှိသော ကိုဗစ်ကူးစက်ခံရသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးတာလို့ တ ရုတ်အစိုးရက ပြောပါတယ်။

လူ ၅၅၀၃ ဉီးက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ၅၄၄၃၅ ဉီးက နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးခဲ့တာဖြစ်ကာ သေဆုံးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက အသက် ၆၅ နှစ်အ ထက်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်အထိ ကိုဗစ်လူနာ တစ်သိန်းဝန်းကျင်က အရေးပေါ်အခြေအနေဖြစ်ပြီး တရုတ်နိုင်ငံရှိ ဆေးရုံကုတင် ၇၅ ရာခိုင်နှုန်းကျော် ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

လက်ရှိ ပကတိအခြေအနေကို မထင်ဟပ်စေတဲ့ တရုတ်အစိုးရရဲ့ အစောပိုင်း ကြေညာချက်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဝေဖန်ခဲ့ပါတယ်။