ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၅ ရက်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူများကို မတရားငွေညစ်နေသည့် ရဲနယ်ထိန်းနှင့် ၎င်း၏တပည့်ဖြစ်သူကို ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်၌ ဒေသကာကွယ်ရေးတပ် NPDF မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသတင်းရရှိသည်။
အဆိုပါရဲနယ်ထိန်းမှာ နွားထိုးကြီးမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသည့် နယ်ထိန်း သန်းဇော်မင်းနှင့် ၎င်း၏တပည့်ဖြစ်သူ အောင်ကျော်ဖြိုး တို့ကို နွားဈေးကွင်းတွင် ဆိုင်ကယ်ဖြင့် ဆက်ကြေးလာကောက်ချိန်၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ NPDFထံမှ သိရသည်။
“သူတို့ နှစ်ဦးက နေရာမှာဘဲ ပွဲချင်းပြီးသွားတယ်ဗျ။ ပြန်ပြီး တုံ့ပြန်ချိန်မရလိုက်ပါဘူး။ သူကပြည်သူများထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံတာ တွေ လောင်းကစား သမားများထံမှ ဆက်ကြေးကောက်ခံ တာတွေလုပ်တယ်၊ပြီးတော့ နိုင်ငံရေးပုဒ်မဖြင့်ချိတ်ပိတ်ခံထားရတဲ့သူ တွေရဲ့ အိမ်က ပစ္စည်းတွေကို သူအပါဝင် ခိုးယူတာတွေ တို့က်ို အကြိမ်ကြိမ် ပြုလုပ် နေတာကြပြီ။ ဒါကြောင့် သူ့ကို ရှင်းလင်းလိုက်တာပါ။ ရှင်းလင်းပြီးတဲ့အချိန် ခဏကြာတော့ စစ်ကောင်စီတပ်တွေက အလောင်းလာကောက်သွားကြတယ်ဗျ။ ပြည်သူတွေအနေနဲ့က သူတို့နဲ့ ခပ်ဝေးဝေးမှာ ရှောင်ပြီး နေကြဖို့လိုတယ်”ဟု နွားထိုးကြီး ဒေသကာကွယ်ရေးတပ် NPDF၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါနယ်ထိန်းကိုရှင်းလင်းခဲ့ပြီး ၎င်းထံမှ အူဇီသေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 9MM ကျည် ၁၅၆တောင့်၊ နှင့် ဖုန်း(၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း NPDF ထံမှ သိရသည်။